တံတားပေါ်မှ ကုန်တင်ယာဉ်ပြုတ်ကျသဖြင့် ၂ ဦးဒဏ်ရာရ

တံတားပေါ်မှ ကုန်တင်ယာဉ်ပြုတ်ကျသဖြင့် ၂ ဦးဒဏ်ရာရ

ပေါက်မြို့နယ်တွင် တံတားပေါ်မှ ကုန်တင်ယာဉ်ပြုတ်ကျတိမ်းမှောက်သဖြင့် လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့မှု ဇူလိုင်လ ၂၃ ရက်နေ့ ကဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

အဆိုပါနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် အမှတ် (၁)ရပ်ကွက်ရှိ အုန်းတောတံတား၌ နန်းဝင်းအောင်(၃၄)နှစ် မောင်းနှင်ပြီး ချစ်ခိုင်(၂၀)နှစ် လိုက်ပါလာသည့် နစ်ဆန်း ၁၀ ဘီး ယာဉ်သည် Faw ၆ ဘီးယာဉ်ကို တင်ဆောင်မောင်းနှင်စဉ် ယာ ဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ အမြင့် ၂၀ ပေခန့်ရှိ တံတားအောက်သို့ ပြုတ်ကျ တိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက်ပြုတ်ကျမှုကြောင့် နန်းဝင်းအောင် နှင့် ချစ်ခိုင်တို့ ၂ ဦးတွင် ချိုစောင်း ပေါက်ပြဲ၊ ယာပါးပွန်း၊ ယာလက်မောင်း ဖူးရောင်ဒဏ်ရာများရရှိခဲ့သောကြောင့် ပေါက်မြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ပြီး ယာဉ်မောင်းကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
 ပေါက်မြို့မရဲစခန်းက ယာဉ် (ပ) ၁၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။