လူငယ် ၅ ဦးက ကမ္ဘာဇဘဏ် ATM စက်ကို ဖျက်ဆီး၍ ငွေခိုးယူရန်ကြံစည်

လူငယ် ၅ ဦးက ကမ္ဘာဇဘဏ် ATM စက်ကို ဖျက်ဆီး၍ ငွေခိုးယူရန်ကြံစည်

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ကမ္ဘာဇဘဏ် ATM စက်ကိုဖျက်ဆီး၍ ငွေခိုးယူရန်ကြံစည်ခဲ့သူ လူငယ် ၅ ဦးကို သက်ဆိုင်ရာက ဇူလိုင် ၂၃ ရက်နေ့တွင်ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။ 

ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် သီရိမြိုင် လမ်းမကြီးဘေး အ.ထ.က(၇)ဝင်းအတွင်းထားရှိသော ကမ္ဘောဇဘဏ်(KBZ)ပိုင် ATM ငွေထုတ်စက် မော်နီတာတံခါးနှင့် CCTV များ ဖျက်ဆီးခံရသဖြင့် အမှတ်၆ရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များက စုံစမ်း ခဲ့ သည်။
သက်ဆိုင်ရာမှ အမှုဖြင့်မသင်္ကာသူ ဓနသိဒ္ဓိရပ်ကွက်နေ ညီညီလွင်(၁၅)နှစ်ပါ ၅ ဦးကို ခေါ်ယူစစ်ဆေးခဲ့သည်။  စုံစမ်းပေါ်ပေါက်ချက်များအရ ၄င်းတို့က ATM ငွေထုတ်စက်ကို ဖျက်ဆီး၍ ငွေများ ခိုးယူရန် ပြုလုပ်ကြံစည်ခဲ့ကြောင်း ပေါ်ပေါက်သိရှိသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
အမှတ်-၃နယ်မြေရဲစခန်းက (ပ) ၁၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၁၁ အရ အမှုဖွင့် အရေးယူထားသည်။