မြစ်ကြီးနား ၂၁ မိုင်စစ်ဆေးရေးဂိတ်တွင် ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများတင်ဆောင်လာသည့် ယာဉ် ကို သက်ဆိုင်ရာက ဇူလိုင် ၂၄ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
အဆိုပါနေ့ မွန်းတည့် ၁၂ နာရီအချိန် မြစ်ကြီးနားမြို့နယ်၊ ၂၁ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ် တွင် မြစ်ကြီးနားမြို့နေအောင်မင်းနိုင်(၂၂)နှစ် မောင်းနှင်ပြီး အောင်ဖြိုးဝေ(၃၃နှစ်) လိုက် ပါလာ သည့် Wingload မော်တော်ယာဉ်ကို မူးယစ်တပ်ဖွဲ့စု(၂)မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ကစစ် ဆေးခဲ့သည်။ ထိုသို့စစ်ဆေးစဉ် ယာဉ် နောက်ခန်းရှိ အပိုဘီး ထည့်သည့် အံဝှက်အတွင်းနှင့် အင်ဂျင်ခန်းအတွင်းတို့မှ ဘိန်းဖြူဆပ်ပြာခွက် ၂၉၇ ခွက် (ဘိန်းဖြူအလေးချိန် ၃ ဒသမ ၄၀၅၅ ကီလို)၊ မော်တော်ယာဉ်၏ ဂီယာတိုင်ရှေ့အံဝှက်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၉၀၈ ပြား၊ ငွေ ၄၀ဝ,ဝ၀ဝ ကျပ်နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါဖမ်းဆီးမှုကွင်းဆက်သတင်းအရ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ (၁၃)နေ မဆွေဆွေမျိုး(ခ)မဆွေ(၄၅နှစ်)မှ သယ်ဆောင် ခိုင်းကြောင်းသိရှိရ၍ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ အချိန် ခန့်တွင် ၄င်းနေအိမ်ကို ဝင်ရောက်ရှာဖွေစဉ် လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ မြစ်ကြီးနားနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးဥပဒေအရ အမှုဖွင့်အရေးယူထားသည်။

















