ပထွေးဖြစ်သူက ၈ နှစ်နီးပါးခန့် ခြိမ်းခြောက် သားမယားပြုကျင့်

ပထွေးဖြစ်သူက ၈ နှစ်နီးပါးခန့် ခြိမ်းခြောက် သားမယားပြုကျင့်

မြောင်းမြမြို့နယ်တွင် ပထွေးဖြစ်သူက ၈ နှစ်နီးပါးခန့် ခြိမ်းခြောက်ကာ သားမယားအဖြစ်အကြိမ်ကြိမ်ပြု ကျင့်ခဲ့ သည်ဆိုမှုကို မိခင်ဖြစ်သူက မြောင်းမြရဲစခန်းတွင် ဇူလိုင် ၂၄ ရက်နေ့တွင် အမှုဖွင့် တိုင်ကြား ခဲ့ကြောင်းသိရသည်။ 

အဆိုပါနေ့ နံနက် ၁၀ နာရီ မိနစ်၄၀ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့နယ်၊ဆင်ကူးကျေးရွာအုပ်စုနေ အသက် ၄၉ နှစ်အရွယ် အလယ်တန်းပြဆရာမအဖြစ်လုပ်ကိုင်သူ အမျိုးသမီးက လွန်ခဲ့သောနှစ် ၂၀ခန့်က ခင်ပွန်းဖြစ်သူနှင့် အိမ်ထောင်ကွဲခဲ့ပြီး မူလတန်းကျောင်း အထွေထွေလုပ်သား ဦးဇော်ဌေး (၄၂ နှစ်)ဖြင့် ထပ်မံအိမ်ထောင်ပြုခဲ့သည်။ ထိုသို့အိမ်ထောင်ပြုစဉ် ပထမအိမ်ထောင်နှင့်ရရှိခဲ့သည့် အသက် ၁ နှစ်အရွယ် သမီးငယ်တစ်ဦး ပါရှိခဲ့သည်။
၂၀ဝ၂ခုနှစ်တွင် ဦးဇော်ဌေးနှင့်သမီးတစ်ဦးမွေးဖွားခဲ့ပြီး စီးပွားရေးအဆင်မပြေသဖြင့် ပထမအိမ်ထောင်ဖြင့် ရရှိသည့် အသက် ၁၄ နှစ်အရွယ် သမီးငယ်ကို ၂၀၁၀ပြည့်နှစ် ၁၀လပိုင်းတွင် ၈ တန်းဖြင့် ကျောင်းထုတ်ခဲ့သည်။ ထိုသို့ကျောင်းထုတ်ခဲ့ပြီးနောက် တိုင်ကြားသူမှာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ဖောင်ကြီးသင်တန်းသို့ တစ်လခွဲတက်ရောက်စဉ် နေအိမ်၌ ခင်ပွန်းဦးဇော်ဌေးနှင့်သမီး ၂ ဦးတို့ကျန်ရစ်ခဲ့သည်။ သင်တန်းမှ ပြန်လာစဉ် ဦးဇော်ဌေးက အလိုမတူဘဲ သားမယားအဖြင့်အကြိမ်ကြိမ်ပြုကျင့်ခဲ့သည်ဟုပြောပြသိရှိခဲ့ရသည်ဟု ဆိုသည်။
ဦးဇော်ဌေးကလည်း အဆိုပါကိစ္စကို အခြားသူများကိုပြန်ပြောပါက သတ် ပစ် မည် ဟုခြိမ်းခြောက်ပြောဆိုခဲ့သည်။ 
'' တရားခံကို ဖမ်းဆီးပြီးပါပြီ။ ပထမအိမ်ထောင်နဲ့ရတဲ့သမီးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါ တယ်။ တိုင်ကြားစာထဲမှာ ကိုယ်ဝန်ပျက်တဲ့ ဆေးတွေတိုက်ခဲ့တာကြောင့် မြောင်းမြဆေးရုံမှာ တက်        ရောက်ကုသမှုခံယူခဲ့ရတာတွေလည်းပါတယ်။ ၈ နှစ်နီးပါးလောက် အကြိမ်ကြိမ်ကျူးလွန်ခဲ့တယ်လို့ တိုင် ကြား ထားပါတယ်။ အခု စစ်ဆေးနေပါတယ်" ဟု မြောင်းမြရဲစခန်းမှ ရဲတပ်ဖွဲ့တစ်ဦးက ပြောသည်။ တိုင်ကြားမှုတွင် ၂၀၁၅ ခုနှစ် (၁၀)တန်းစာမေးပွဲဖြေဆိုနေချိန်ကျောင်း၄ရက်ပိတ်သည့် အချိန်များတွင် ပင် သားမယားအဖြစ် ဆက်ဆံလိုသဖြင့် ပြန်ခေါ်လာပေးရန်ပြောခဲ့ကြောင်း၊ ၁၀ တန်းစာမေးပွဲအပြီး ရန်ကုန်ရှိ အစ်မဝမ်းကွဲနေအိမ်တွင် သွားရောက်ပို့ဆောင်ထားစဉ် ဦးဇော်ဌေးက ပြန်ခေါ်ပေးရန်နှင့်မခေါ်ပေး ပါက တိုင်ကြားသူကိုသတ်ပစ်မည်၊ရန်ကုန်လိုက်ပြီးအရှက်ခွဲမည်ဟုခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် ပြန်ခေါ်ပေးခဲ့ရကြောင်း သိရသည်။ 
ထို့ပြင် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် သမီးငယ်မှာ ပုသိမ်တက္ကသိုလ်တွင် ပထမနှစ်တက်ရောက်နေချိန်၌လည်း ဦးဇော်ဌေးမှာ သမီးဖြစ်သူကို ပြန်မလာပါကကျောင်းသို့လိုက်လာ၍အရှက်ခွဲမည်။
''နင်ကငါ့မယားဖြစ်နေပြီ''ရည်းစားထားတယ်ကြားတာနဲ့လိုက်လာပြီးအရှက်ခွဲမည်ဟုခြောက်လှန့်ခေါ်သဖြင့်သမီးဖြစ်သူမှာအရှက်ကွဲမည်စိုး၍နေအိမ်သို့ပြန်ခေါ်ထားခဲ့ရကြောင်း၊သမီးဖြစ်သူမှာနေအိမ်တွင်ဆက်လက်မနေထိုင်ရဲတော့သဖြင့်အလုပ်သွားလုပ်လိုကြောင်းပြောသဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ၁၇ရက်နေ့၌ဦးဇော်ဌေးမသိအောင်အခြားမြို့သို့ပြောင်းရွှေ့ခိုင်းပြီး အလုပ်သွားရောက်လုပ်ကိုင်စေခဲ့ကြောင်း တိုင်ကြားချက်တွင် ပါရှိသည်။ 
တိုင်ကြားသူက သမီးဖြစ်သူကို တစ်ရှက်မှ နှစ်ရှက်ဖြစ်လာပြီးလူကြားထဲတွင်ခေါင်းမဖော် ရဖြစ် မည် ကိုစိုးရိမ်ခြင်း၊ပညာဆက်လက်သင်ယူနိုင်မည့်အခွင့်အလမ်း များဆုံးရှုံးသွားမည်ကိုစိုးရိမ်ခြင်း၊ အခြားလုံခြုံစိတ်ချစွာ ထားနိုင်မည့်နေရာအဆင်မပြေခြင်း၊ရင်းနှီးစွာရင်ဖွင့်တိုင်ပင်မည့် မိတ်ဆွေမရှိခြင်းနှင့် ဦးဇော်ဌေးမှလည်းနေ့စဉ်လိုလိုကြိမ်းမောင်းခြိမ်းခြောက်ခြင်းများပြုလုပ်နေခြင်းတို့ကြောင့်တိုင်တန်းခဲ့ခြင်းမျိုးမရှိခဲ့ဘဲ ယနေ့မှ သမီးဖြစ်သူကို ၈ နှစ်နီးပါး ခြိမ်းခြောက်ကာ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည်ဆိုသူ ဦးဇော်ဌေးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ မြောင်းမြမြို့မရဲစခန်းက(ပ)၁၀၆၇/၁၈ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ဒုရဲမှူးအောင်ဇော်မင်းက ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။