ဇလွန်မြို့နယ်တွင် လင်မယားနှစ်ဦး မိသားစုကိစ္စစကားများရန်ဖြစ်စဉ် ဓားမဖြင့်ခုတ်သဖြင့် ဇနီးဖြစ် သူသေဆုံးခဲ့မှု ဇွန် ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါနေ့ ည ၁၀ နာရီ အချိန်ခန့်တွင် ဇလွန်မြို့ ပျဉ်းမကုန်းတိုက်နယ် စွံပိကျေးရွာအုပ်စု စွံပိ ကျေးရွာတွင် လင်မယားအချင်းများရန်ဖြစ်စဉ် ဇနီးဖြစ်သူ ဓားခုတ်ခံရသဖြင့်သေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ ကော့ကပ်နယ်မြေရဲစခန်းမှူး ရဲအုပ်သိန်းထွန်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ အဆိုပါကျေးရွာနေ မင်းအောင် နှင့် ၄င်း၏ ဇနီးဖြစ်သူ မစုစုဝင်း (၂၀) နှစ် တို့နှစ်ဦး မိသားစုကိစ္စ စကားများရန်ဖြစ်စဉ် မင်းအောင်(၃၂ နှစ်)က နေအိမ်တွင်အသုံးပြုသည့် ဓားမဖြင့်ခုတ်သဖြင့် မစုစုဝင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ကော့ကပ်နယ်မြေရဲစခန်းမှ (ပ)၇၈/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
















