ဂိုလန်ကုန်းမြင့်၌ ဆီးရီးယားတိုက်လေယာဉ်တစ်စင်းကို အစ္စရေးပစ်ချ ဆီးရီးယားတောင်ပိုင်း၌ အိုင်အက်စ်အသေခံဗုံးခွဲ၍ ၄၀ နီးပါးသေဆုံး

ဂိုလန်ကုန်းမြင့်၌ ဆီးရီးယားတိုက်လေယာဉ်တစ်စင်းကို အစ္စရေးပစ်ချ ဆီးရီးယားတောင်ပိုင်း၌ အိုင်အက်စ်အသေခံဗုံးခွဲ၍ ၄၀ နီးပါးသေဆုံး

ဂိုလန်ကုန်းမြင့်ဒေသတွင် ဝေဟင်ပိုင်နက်ဖြတ်ကျော်ပျံသန်းလာသော ဆီးရီးယားတိုက်လေယာဉ်ကိုပစ်ချလိုက်ကြောင်း အစ္စရေးက ထုတ်ပြန်ကြေညာခဲ့ပြီး နောက်တစ်ရက်၌ ဆီးရီးယားတောင်ပိုင်းတွင် အိုင်အက်စ်အဖွဲ့က အသေခံဗုံးခွဲတိုက်ခိုက်၍ လူ ၄၀ နီးပါး သေဆုံးခဲ့ရကြောင်း သိရသည်။ဆီးရီးယား၏ ဆူခွိုင်းတိုက်လေယာဉ်တစ် စင်းကို မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်နှစ်စင်းဖြင့် ပစ်ချခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (အိုင်ဒီအက်ဖ်)က ဇူလိုင် ၂၄ ရက်၌ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

ဆီးရီးယားတိုက်လေယာဉ် သည် အစ္စရေးထိန်းချုပ်ထားသော ဂိုလန်ကုန်း မြင့်ဒေသဝေဟင်ကို ဖြတ်ကျော်ဝင်ရောက်လာ သောကြောင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အိုင်ဒီ အက်ဖ်က ပြောဆိုသည်။ လေယာဉ်မှူး၏ကံကြမ္မာကို မသိရသေးပေ။

ပစ်ချ

ဆီးရီးယားသတင်းဌာန ဆာနာကမူ ဆီးရီး ယားလေပိုင်နက်အတွင်းပျံသန်းနေသော တိုက် လေယာဉ်ကို အစ္စရေးက ပစ်ချခဲ့ခြင်းဖြစ်သည် ဟု ဆိုထားသော်လည်း ထိမှန်ခြင်းရှိ မရှိကိုမူ အတည်ပြုခြင်းမရှိသေးပေ။ တိုက်လေယာဉ် သည် ဆီးရီးယားတောင်ပိုင်း ယာမွတ်တောင် ကြားဒေသရှိ အကြမ်းဖက်သမားများကို တိုက် ခိုက်ရေးတာဝန်ဖြင့်သွားရောက်ခြင်းဖြစ်ကြောင်း ဆာနာသတင်းဌာနက ဖော်ပြသည်။

ဆီးရီးယားတိုက်လေယာဉ်သည် ၁၉၇၄ ခုနှစ်ကချုပ်ဆိုခဲ့သော ဂိုလန်ကုန်းမြင့်အပစ် အခတ်ရပ်စဲရေးနယ်စပ်လိုင်းကို ကျော်လွန် ခဲ့ကြောင်းဖြင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောဆိုသည်။ အစ္စရေးမြေကို ကုန်းလမ်း၊ လေလမ်းမည်သည့်နေရာကဖြစ်စေ ကျူးကျော်ခြင်းအား ခွင့်မပြုနိုင်ကြောင်း၊ ယခု ကိစ္စတွင် အစ္စရေးတပ်ဖွဲ့များသည် သင့်လျော်စွာ တုံ့ပြန်ခဲ့ခြင်းသာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် နေတန်ယာဟုက ဆိုသည်။

ထိန်းချုပ်

ဆီးရီးယားတိုက်လေယာဉ်သည် အစ္စရေး ဝေဟင်ထဲသို့ နှစ်ကီလိုမီတာ(၁ ဒသမ ၂၅ မိုင်) ကျော်လွန်ဝင်ရောက်ခဲ့ပြီးနောက် အစ္စရေး လေကြောင်းကာကွယ်ရေး ပတ်ထရီရော့ဒုံး ကျည်များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးရှိ ဟာရတ်သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။ ဂိုလန်ကုန်းမြင့်သုံးပုံတစ်ပုံကို ဆီးရီးယားက ထိန်းချုပ်ထားသည်။

သေဆုံး

ဇူလိုင် ၂၅ ရက်၌ မကြာမီက အစိုးရက ပြန်လည်ထိန်းချုပ်ခဲ့သည့် ဆီးရီးယားတောင် ပိုင်းတွင် အိုင်အက်စ်အုပ်စု၏ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၈ ဦးသေဆုံး ခဲ့ကြောင်းလည်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။