အမေရိကန်ပြည်ထောင်စုရှိ အများပြည် သူစားသုံးလေ့ရှိသည့် အဓိက သရေစာမုန့် နှစ်မျိုးတွင် ဆယ်မိုနယ်လာဗိုင်းရပ်စ်ပိုးပါဝင် သည်ဆိုသည့်သံသယဖြင့် ထုတ်လုပ်သူများ က ပြန်လည်သိမ်းယူလိုက်ပြီဖြစ်သည်။ မွန်ဒါ လက်ဇ်ဂလိုဘယ်သည်တို့ ထုတ်လုပ်ထားသည့် Ritz ခရက်ကာများနှင့်Ritz ဘီစကွတ်ထုတ် ကုန်များကို ပြန်လည်သိမ်းယူနေပြီဖြစ်သည်။
သိမ်းယူ
Ritz တံဆိပ်ပါစားသောက်ကုန်များကို စားသုံးပြီးနောက် နေထိုင်မကောင်းဖြစ်သည် ဆိုသည့် ပြောဆိုမှုများကို မကြားသိရသေး သော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် ဈေးဝယ်စင်တာများမှ ၎င်းတို့ကို ပြန်လည် သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ပြောဆိုခဲ့သည်။ သရေစာများပါ နို့ဓမ်းမှုန့်များ တွင် ဆယ်မိုနယ်လာဗိုင်းရပ်စ် ပါဝင်နိုင်ခြေရှိ နေသောကြောင့် မွန်ဒါလက်စ်ကို အမျိုးအမည် များထောက်ပံ့ပေးနေသည့်လုပ်ငန်းက ပြန်လည် သိမ်းယူမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ က ပြောဆိုခဲ့သည်။
ပွာတိုရီကိုနှင့် အမေရိကန်ဗာဂျင်းကျွန်းစု များအပါအဝင် အမေရိကန်ပြည်ထောင်စုတွင် ရောင်းချနေသည့် Ritz ခရက်ကာနှင့် Ritz ဘီစကွတ်အမျိုးအစား ၁၂ မျိုးကျော်ခန့်ကို ပြန် လည်သိမ်းယူခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာ ပင် ကမ့်ဘဲကုမ္ပဏီကပိုင်ဆိုင်သည့် ပက်ပါရစ်ချ် ဖမ်လုပ်ငန်းသည် ဆယ်မိုနယ်လာဗိုင်းရပ်စ် သံသယဖြင့် Goldfish ရက်ကာထုတ် ၃ ဒသမ ၃ သန်းကို ပြန်လည်သိမ်းယူနေသည်။
သံသယ
ခရက်ကာအမျိုးအစားလေးမျိုးတွင် ပိုမို အရသာရှိအောင်ထည့်သွင်းထားသည့် နို့ဓမ်း မှုန့်များတွင် ဗိုင်းရပ်စ်ပါရှိနေသည်ဆိုသည့် သံသယကြောင့်ဖြစ်သည်။ ဆယ်မိုနယ်လာဗိုင်း ရပ်စ်ကူးစက်ခံရပါက နာဖျားခြင်း၊ မအီမသာ ဖြစ်ခြင်း၊ အော်ကလီဆန်ခြင်းနှင့် ဗိုက်အောင့် ဗိုက်နာခြင်းတို့ဖြစ်တတ်ပြီး ကလေးငယ်များနှင့် ခုခံအားနည်းသူများတွင်မူ အခြေအနေစိုးရိမ် ရကြောင်း မွန်ဒါလက်ဇ်က ပြောဆိုခဲ့သည်။
သတိပေး
အမေရိကန်ပြည်ထောင်စု ပြည်နယ်ရှစ်ခု တွင် နေထိုင်သူများသည် ဆယ်မိုနယ်လာဗိုင်း ရပ်စ်သံသယကြောင့် ကြိုတင်လှီးဖြတ်ထား သည့် ဖရဲသီးထုပ်များကို ပြန်လည်သိမ်းယူနေ ပြီဖြစ်သဖြင့် ယင်းတို့ကို စားသုံးခြင်းမပြုရန် အမေရိကန်အစားအစာနှင့်ဆေးဝါးအုပ်ချုပ် ရေးအဖွဲ့က သတိပေးထားသည်။

















