တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးနှင့် ခေါ်ယူလာသူ ယာဉ် မောင်းကိုဖမ်းမိ

တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးနှင့် ခေါ်ယူလာသူ ယာဉ် မောင်းကိုဖမ်းမိ

တာချီလိတ်မြို့သို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးနှင့် ခေါ်ယူလာသူ ယာဉ် မောင်းကို သက်ဆိုင်ရာက ဇူလိုင်လ ၂၄ ရက်နေ့ တွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန် တာချီလိတ်မြို့နယ်လူ ဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ လက်ထောက် လဝကမှူး ဦးဟိန်းဝင်းပိုင်နှင့်အဖွဲ့ လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မိုင်းဆတ်မှ တာချီလိတ်သို့ မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုန် ကျေးရွာနေ အောင်စိုးသူ(၃၃)နှစ် မောင်းနှင်လာသည့် Hilux Vigo ယာဉ်ကို စစ်ဆေးခဲ့သည်။

အဆိုပါယာဉ်ပေါ်တွင် တရုတ်နိုင်ငံသား Mr. Wang Wen Fa (၂၄)နှစ် တာလီမြို့ နေသူပါ ကျား (၂)ဦးသည် အထောက်အထား ပြသနိုင်ခြင်းမရှိ၍ ခေါ်ယူစစ်မေးခဲ့သည်။ စုံစမ်းချက်အရ လွန်ခဲ့သော ၆ နှစ်ခန့်က ယူနန်ပြည်နယ်မှတစ်ဆင့် "ဝ"အထူးဒေသ(၂) ပန်ဆန်းမြို့သို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး ဝမ်ဟုန်ကျေးရွာ၌ အိမ်ငှားရမ်း၍ ဈေးရောင်း/ဝယ် လုပ်ကိုင်နေထိုင်ခဲ့ကြောင်းနှင့် ယာဉ်မောင်း အောင်စိုးသူကို ဘတ် ၇၀ဝ ဖြင့်ငှားရမ်း၍ ၎င်းတို့ပိုင် မော်တော်ယာဉ်ဖြင့် တာချီလိတ်မြို့သို့ လာ ရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အရေးယူပေးရန်တိုင်ကြား ခဲ့သည်။

တာချီလိတ်မြို့မရဲစခန်း(ပ)၂၄၀/၂၀၁၈၊ လဝကအက် ၁၃(၁)/၁၃(၅) အရ အမှုဖွင့်အရေးယူထား သည်။