ဖဲလောင်းကစားပြုလုပ်သူနေသူ ၄ ဦးကို ဖမ်းမိ

ဖဲလောင်းကစားပြုလုပ်သူနေသူ ၄ ဦးကို ဖမ်းမိ

မုံရွာမြို့နယ်တွင် ဖဲလောင်းကစားပြုလုပ်သူနေသူများကို သတင်းအရ သက်ဆိုင်ရာက ဇူလိုင် ၂၄ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း မုံရွာမြို့၊ မုံရွာတောင် ရပ်ကွက်၊ ပြည်ထောင်စု လမ်းပေါ် ကားလေးကွင်းအနီးတွင် ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်းသတင်းအရ မုံရွာမြို့ မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါ ပြည်ထောင်စုလမ်းပေါ် ကားလေးကွင်းအနီး၌ မုံရွာမြို့ အေးသာယာရပ်ကွက်နေ ကုလား(ခ)စိုးနိုင်(၄၅)နှစ်၊ ဖြိုးသူအောင်(၂၈)နှစ်၊ ပြည်ကြီးတံခွန်မြို့နယ်နေ ဝဏ္ဏထွန်း(၃၃)နှစ်၊ ကျော်ကြီး(၄၃)နှစ်တို့ကို ဖဲရိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ လောင်းကြေးငွေ(၃၇,၃၀ဝ)ကျပ်တို့နှင့် အတူတွေ့ ရှိ ဖမ်းဆီးခဲ့သည်။

မုံရွာမြို့မရဲစခန်း(ပ)၁၁၈၈/၁၈၊ လောင်းကစားဥပဒေပုဒ်မ-၁၂(က) အရ အမှုဖွင့်အရေးယူထားသည်။