ပြင်ဦးလွင်မြို့နယ်တွင် ခြံအတွင်းဝင်ရောက် ငှက်ပစ်သည့်ကိစ္စစကားများရန်ဖြစ်ရာက လူသတ်မူ ဇူလိုင် ၂၄ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း ရဲစခန်းမှသိရသည်။
အဆိုပါနေ့ ည ၉ နာရီ ၃၀မိနစ်အချိန် ပြင်ဦးလွင်မြို့နယ်၊ ရှောက်ခါး ကျေးရွာနေ ဦးသန့်ဇင် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ ဦးကိုကြီးနှင့် မစုမြိုင်တို့ ရောက်ရှိလာပြီး သမက်ဖြစ်သူ ရဲစိုး မှာ ရွာလမ်းမ ပေါ်တွင် လဲကျနေကြောင်း ပြောပြသိရှိရသောကြောင့် သွားရောက်ကြည့်ရှုခဲ့သည်။
သေဆုံးသူ ရဲစိုး ကိုနေအိမ်နှင့် ပေ(၂၀ဝ)ခန့်အကွာ ခြံစပ်လမ်းဘေးတွင် ဓါးဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိရပြီး မေးမြန်းစုံစမ်းခဲ့ရာ ည ၈ နာရီအချိန်ခန့်က တစ်ရွာတည်းနေ စောထွန်း(၄၀) နှစ်ကခြံအတွင်းဝင်ရောက်လာပြီး ငှက်ပစ်နေသည်ကို ရဲစိုးမှ မြင်တွေ့၍ ပြောဆိုခဲ့သည်ကို မကျေနပ်သဖြင့်တစ်ယောက်တစ်ခွန်းစကားများစဉ် ရဲစိုးကို ဓားဖြင့်ခုတ်ခဲ့သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသဖြင့် အရေးယူပေရန်တိုင်ကြားခဲ့သည်။
ပြင်စာရဲကင်းစခန်း(ပ)၁၁၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။
















