ကာနို ” နိုက်ဂျီးရီးယားနိုင်ငံ၏ မြောက်ပိုင်းဒေသ အကြီးဆုံးမြို့ဖြစ်သော ကာနိုမြို့တွင် အသက် ၅၅ နှစ် အရွယ်ရှိဟင်းခတ်အမွှေးအကြိုင်ရောင်းချရေး လုပ်ငန်းကို လုပ်ကိုင်သော တာဆီယူ အဗ္ဗဒူရာမန်သည် သူရောင်းချသည့်ဟင်းခတ်အမွှေးအကြိုင်များမှ ရရှိသော ငွေများကိုအိမ်နောက်ဖေး ခြံဝင်းထဲတွင် နေ့တိုင်းလိုပင် တွင်းတူး၍မြှုပ်နှံလျက်ရှိသည်။ သူသည် ဘဏ်တွင် ငွေသွင်းငွေထုတ်ရာ၌ နာရီများစွာ ကြာမြင့်အောင် တန်းစီရသဖြင့်ဘဏ်လုပ်ငန်းကို အယုံကြည်မရှိတော့ဘဲ လွန်ခဲ့သောရှစ်နှစ်ကတည်းက သူ၏ငွေစာရင်းကို ပိတ်ပစ်ခဲ့သည်။
အဗ္ဗဒူရာမန်သည် နိုက်ဂျီးရီးယားနိုင်ငံတွင် ဘဏ်လုပ်ငန်းကို အသုံးမပြုသည့် လူဦးရေ သန်း ၅၀ ကျော်အနက် တစ်ဦးဖြစ်သည်။ နိုက်ဂျီးရီးယားသည် အာဖရိကတိုက်၏ အကြီးဆုံး မိုဘိုင်းဖုန်းဈေးကွက်ရှိသော်လည်းအဆိုပါနည်းပညာကို ခန့်မှန်းခြေ လူသန်း ၂၀ဝ ခန့်ရှိသောနိုင်ငံ၌ ဘဏ်လုပ်ငန်းတွင် အသုံးပြုရန် နည်းပညာများမှာပွင့်လင်းခါစ အခြေအနေမှာပင် ရှိနေသေးသည်။
"ကျွန်တော့် စီးပွားဖက်တွေက ငွေလိုတယ်ဗျ။ သူတို့အားလုံး ဘဏ်စာရင်းဖွင့်လှစ်ထားရင်တော့ ကျွန်တော့်အတွက် လုပ်ရတာအဆင်ပြေပြီး ပျော်ပျော်ရွှင်ရွှင်လုပ်ရတာပေါ့ဗျာ"ဟု ကာနိုမြို့ လမ်းများပေါ်၌ တွေ့ရသောဆိုင်များအနက် ဆိုင်တစ်ဆိုင်တွင် ချင်းနှင့် နနွင်းများရောင်းကာ မိုဘိုင်းဖုန်းနှစ်လုံးကိုင်ဆောင်ထားသောအဗ္ဗဒူရာမန်က ပြောကြားလိုက်သည်။
ဘဏ်စာရင်း မလိုအပ်ဘဲ ငွေလွှဲပြောင်းနိုင်မည့် မိုဘိုင်းငွေကြေး လွှဲပြောင်းနိုင်ခွင့် လိုင်စင်လျှောက်ထားမှုကိုဆက်သွယ်ရေးကွန်ရက် အော်ပရေတာများသာ အစိုးရလုပ်ငန်းအဖွဲ့အစည်းများက ပိတ်ပင်ခဲ့ခြင်းကြောင့်အာဖရိကတိုက်တွင် စီးပွားရေးအင်အားအကောင်းဆုံးနိုင်ငံဖြစ်လာရေး တောင်အာဖရိကနှင့် ယှဉ်ပြိုင်နေသောနိုက်ဂျီးရီးယားနိုင်ငံတွင် ဘဏ္ဍာရေးအရ အကျုံးဝင်မှုခေါ်သော လူတစ်ဦးချင်းကဖြစ်စေ စီးပွားရေးလုပ်ငန်းအလိုက်ဖြစ်စေ ဘဏ္ဍာရေးတ်လုပ်မှု၊ သို့မဟုတ်ဝန်ဆောင်မှုလုပ်ငန်း တစ်မျိုးမျိုးကို အသုံးပြုနိုင်ခွင့်မှာရှေ့သို့မတိုးတက်နိုင်ဘဲ နောက်ဆုတ်လျက်ရှိသည်။
ကျွန်တော့်စီးပွားဖက်တွေက ငွေလိုတယ်ဗျ။ သူတို့အားလုံး ဘဏ်စာရင်းဖွင့်လှစ်ထားရင်တော့ကျွန်တော့်အတွက် လုပ်ရတာအဆင်ပြေပြီး ပျော်ပျော်ရွှင်ရွှင် လုပ်ရတာပေါ့ဗျာ ....
၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အာဖရိကတိုက်တောင်ပိုင်းတွင် ဘဏ်ငွေစာရင်း ပြုလုပ်မှု ရှစ်ရာခိုင်နှုန်းမှ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော်လည်း နိုက်ဂျီးရီးယားနိုင်ငံတွင် ဘဏ်စာရင်း ပြုလုပ်ထားသူ လေးရာခိုင်နှုန်းမှ၃၉ ရာခိုင်နှုန်းနီးပါး လျော့ကျခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ဘဏ္ဍာရေးအရ အကျုံးဝင်မှု ၈၀ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသောသတ်မှတ်ချက် ပြည့်မီတော့မည် မဟုတ်ကြောင်းနိုက်ဂျီးရီးယား ဗဟိုဘဏ်က ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်။ ယခုအခါတွင် အဆိုပါ ဗဟိုဘဏ်က ၂၀၁၂ ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲ့သော နည်းဗျူဟာကိုပြန်လည်စိစစ်လျက်ရှိပြီး မိုဘိုင်းဖုန်းများကို အသုံးပြုကာဘဏ္ဍာရေးဝန်ဆောင်မှု ထိုးဖောက်ဝင်ရောက်မှု တိုးတက်စေရန် နိုက်ဂျီးရီးယား ဆက်သွယ်ရေးကော်မရှင်နှင့်ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။
အရွယ်ရောက်ပြီးသူ သုံးပုံနှစ်ပုံခန့် ဘဏ်စာရင်းပြုလုပ်ထားသော ကင်ညာနိုင်ငံ လူဦးရေ ၇၃ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက နိုက်ဂျီးရီးယားနိုင်ငံသည် ခြောက်ရာခိုင်နှုန်းနီးပါးမျှသာလျှင် မိုဘိုင်း ငွေကြေးစနစ်ကို အသုံးပြုပြီးအရောင်းအဝယ်ဆောင်ရွက်ရန် ၎င်းတို့၏ လက်ကိုင်ဖုန်းများကို အသုံးပြုလျက်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။ အာဖရိကတိုက် အနောက်ပိုင်းနိုင်ငံတွင် ဘဏ်စာရင်းတစ်ခုကို ဖုန်းနှစ်လုံးထက်ပို၍ချိတ်ဆက်ထားကြောင်း သိရသည်။
"ကျွန်တော်တို့ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့်အချိန်ကို အစီအစဉ် အကြမ်းဖျင်းရေးဆွဲနေရတယ်"ဟု နိုက်ဂျီးရီးယား အချက်အလက် စုဆောင်းမှု အဖွဲ့အစည်းတွဲဖက်ဒါရိုက်တာ ယိုမီ ဘိုဆီယိုလာက လာဂို့စ်မြို့တွင်ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
လက်ကိုင်ဖုန်း အော်ပရေတာ ကုမ္ပဏီများ ဦးဆောင်ပြီးလုပ်ပိုင်ခွင့် ရရှိပါက ယခုထက်ပိုပြီး ရင်းနှီးမြှုပ်နှံလိမ့်မည်ဖြစ်ကြောင်း သုံးစွဲသူ သန်း၄၀ ရှိသော အိန္ဒိယအခြေစိုက်ဘာတီ အဲတယ်လ် ဆက်သွယ်ရေးဝန်ဆောင်မှုနိုက်ဂျီးရီးယား ကုမ္ပဏီခွဲ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အမ်းကာအိုပါရာက ပြောကြားခဲ့သည်။
ဖီဒယ်လီတီဘဏ်က မိုဘိုင်းဖုန်းကို အသုံးပြုပြီးဘဏ်စာရင်းဖွင့်ပေးလျက်ရှိကြောင်း ၎င်းကုမ္ပဏီ၏သတင်းအချက်အလက် အရာရှိချုပ် ဘိုလာစဟန် ဂျိုရွှာကပြောကြားခဲ့သည်။ အဆိုပါကုမ္ပဏီက အသေးစားငွေပေးချေမှုနှင့်ငွေထည့်ဝင်မှု စသည့် ဘဏ်ဝန်ဆောင်မှုများကို ပြည်သူလူထုအား ကမ်းလှမ်းနိုင်ရန် ရုံးပြင်ပဌာနခွဲများမှ ကိုယ်စားလှယ်များကို အသုံးပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။
"မိုဘိုင်းဖုန်းနဲ့ ဘဏ်စာရင်းဖွင့်တဲ့အခါမှာ ငွေကိုရနိုင်ပေမဲ့ ငွေပေးချေမှု မပြုလုပ်နိုင်ဘူး" ဟု ဂျိုရွှာကပြောသည်။ "မိုဘိုင်းဖုန်းမှာ ဖွင့်ထားတဲ့ ဘဏ်စာရင်းနဲ့ငွေအထုတ်အသွင်း ပြုလုပ်ဖို့ ဘဏ်အတည်ပြုနံပါတ်လိုအပ်ပါတယ်"ဟု ၎င်းက ပြောသည်။ ဘဏ္ဍာရေးအရအကျုံးဝင်မှုအတွက် သတ်မှတ်ချက်များသည် ဘဏ်အတည်ပြု နံပါတ်မရှိသေးသော လူများဖြစ်ပြီး မိုဘိုင်းမှတစ်ဆင့် ဘဏ်အတည်ပြု နံပါတ်ပေးပို့မှုကဲ့သို့အခြေခံအဆောက်အအုံအချို့ ချမှတ်ဆောင်ရွက်ရန်လိုအပ်သည်။
အဆိုပါ အခက်အခဲများကို ဖယ်ရှားရန် ကြိုးပမ်းဆောင်ရွက်မှုများရှိခဲ့သည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်မှုများတွင် နောက်တစ်နှစ် ကုန်ခါနီးတွင် လူဦးရေသန်း ၇၀ ကို အတည်ပြုနံပါတ်ထုတ်ပေးခြင်းပါဝင်ပြီးပြည်သူလူထုက ဘဏ္ဍာရေးဝန်ဆောင်မှုများ လွယ်လွယ်ကူကူအသုံးပြုနိုင်ရန် ဗဟိုက ချုပ်ကိုင်ထားသောကွန်ပျူတာစနစ်တွင် သိမ်းဆည်းထားသော အချက်အလက်များအတွင်းသို့ အစိုးရ၏ အတည်ပြုစနစ်အမျိုးမျိုးဖြင့်ပူးတွဲဆောင်ရွက်ပေးနိုင်ခဲ့ည်။"ကျွန်တော်နဲ့ အရောင်းအဝယ် လုပ်သူတွေမှာ မိုဘိုင်းငွေကြေးစနစ်ရှိရင် အဲဒီ စနစ်နဲ့ပဲ အရောင်းအဝယ်လုပ်ဖို့ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကုန်ပစ္စည်းဖိုးပေးချေဖို့ လက်ငင်း ငွေချေစနစ်နဲ့ပဲ ဆောင်ရွက်လိုပြီးကျန်တဲ့ ပိုက်ဆံတွေကိုလည်း အိမ်မှာပဲထားချင်တယ်"ဟု ဟင်းခတ်အမွှေးအကြိုင် ကုန်သည် အဗ္ဗဒူရာမန်ကပြောကြားခဲ့သည်။

















