ဒေါသထွက်နေတဲ့ ထရမ့်က ကုန်သွယ်ရေးကိုယ်စားလှယ်ကို ဒေါ်လာ ဘီလျံ ၄၀ဝ ကျော် တန်ဖိုးရှိတဲ့ စည်းကြပ်ခွန်ကောက်လို့ရတဲ့ တရုတ် ကုန်ပစ္စည်းတွေကို စာရင်းဆွဲခိုင်းခဲ့ပြီး တရုတ်ကလည်း လက်တုံ့ပြန်မယ်လို့ ကြုံးဝါးခဲ့
ဇွန်လဆန်းမှာ ထရမ့်အစိုးရက ပြဋ္ဌာန်းခဲ့တဲ့သံမဏိနဲ့ အလူမီနီယံ ကုန်စည်တွေကိုကောက်ခံတဲ့ စည်းကြပ်ခွန်ဟာ သင်္ကေတအဖြစ်ပဲ အရေးကြီးပြီး တကယ့် စီးပွားရေးအကျိုးသက်ရောက်မှုကတော့ သိပ်မရှိခဲ့ဘူး။
အမေရိကန်ဟာ ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကိုမလိုက်နာတော့ဘူးလို့ စည်းကြပ်ခွန်ကိစ္စကသဘောဆောင်တဲ့အချိန်မှာ အမေရိကန်နိုင်ငံစုစုပေါင်း ပြည်တွင်းထွက်ကုန်တန်ဖိုး(ဂျီဒီပီ)ရဲ့ သုည ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်တဲ့၄၅ ဘီလျံဒေါ်လာဖိုးရှိတဲ့ သွင်းကုန်တွေကိုပဲပစ်မှတ်ထားခဲ့တာ တွေ့ရတယ်။
ဒါပေမဲ့ ဇူလိုင် ၆ ရက်မှာတော့ တရုတ်သွင်းကုန် ၃၄ ဘီလျံဒေါ်လာဖိုးကို အခွန်ကောက်ခဲ့ပြီး တရုတ်ကလည်း တူညီတဲ့ပမာဏနဲ့ တုံ့ပြန်ခဲ့တယ်။ ဒေါသထွက်နေတဲ့ထရမ့်က ကုန်သွယ်ရေးကိုယ်စားလှယ်ကိုဒေါ်လာ ဘီလျံ ၄၀ဝ ကျော် တန်ဖိုးရှိတဲ့စည်းကြပ်ခွန် ကောက်လို့ရတဲ့ တရုတ်ကုန်ပစ္စည်းတွေကို စာရင်းဆွဲခိုင်းခဲ့ပြီး တရုတ်ကလည်း လက်တုံ့ပြန်မယ်လို့ ကြုံးဝါးခဲ့တယ်။ဒေါ်လာ ဘီလျံ ၃၅၀ တန်ဖိုးရှိတဲ့ ကားနဲ့ပစ္စည်းတွေကိုလည်း စည်းကြပ်ခွန်ကောက်မယ်လို့ ခြိမ်းခြောက်ထားတယ်။ သူသာ အဲဒီလိုလုပ်မယ်ဆိုရင် အီးယူနဲ့ တခြားနိုင်ငံတွေကလည်း အလားတူ ပြန်ပြီး တုံ့ပြန်နိုင်တယ်။
ဒီနေရာမှာ ကျွန်တော်တို့ဟာ အမေရိကန်ရဲ့သွင်းကုန်ဒေါ်လာ တစ်ထရီလျံနီးပါးနဲ့တန်ဖိုးတူ ပို့ကုန်တွေအကြောင်း "ပိုက်ဆံအစစ်" အကြောင်းကို ပြောနေတာဖြစ်တယ်။
နားမလည်နိုင်တာကတော့ စီးပွားရေးနဲ့ဘဏ္ဍာရေး သဘောထားကွဲလွဲမှုဟာ ဘာကြောင့်သိပ်ကန့်သတ်ထားသလို ဖြစ်နေတာလဲဆိုတာပါပဲ။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကလှုပ်လှုပ်ရှားရှား ဖြစ်နေတယ်။ အဝယ်မန်နေဂျာရဲ့ အညွှန်းကိန်းဟာ ဇွန်လမှာမြင့်တက်လာတယ်။ Wall Street ဟာ ယိုင်နဲ့နေပေမဲ့ ၁၉၃၀ ပြည့်နှစ်ကလောက်တော့အနုတ်လက္ခဏာ မပြသေးဘူး။ အသစ်ပေါ်ထွက်လာတဲ့ ဈေးကွက်တွေဟာ ငွေကြေးယိုစိမ့်မှုနဲ့ ငွေကြေးအားနည်းမှုတို့ကို ခံစားနေရပြီး ဒါဟာ အမေရိကန်အစိုးရ ကြေညာချက်ကြောင့် ဆိုတာထက် အမေရိကန် ဗဟိုဘဏ် (Federal Reserve) ရဲ့ အတိုးနှုန်းတွေကိုတိုးမြှင့်လိုက်တာကြောင့် ဖြစ်တယ်။
တိုးတက်မှုဟာ အလယ် အလတ်တင်ပို့ကုန်တွေ ဈေးတက်တာကြောင့် နှေးသွားမယ်ဆိုရင်ငွေကြေးခန့်ခွဲမှု အာဏာပိုင် ....
ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းချက် သုံးချက်ရှိတယ်။ ပထမတစ်ချက်ကတော့ အဝယ်တော်တွေနဲ့ ရှယ်ယာဈေးကွက် ရင်းနှီးမြှုပ်နှံသူတွေက ဆင်ခြင်တုံတရားဟာ အောင်မြင်ခြင်းကုအောင်မြင်ခြင်းကိုယူဆောင်လာနိုင်တယ်လို့လောင်းကြေးထပ်နေကြတာပဲ။ သူတို့က ထရမ့်ရဲ့ ခြိမ်းခြောက်မှုဟာ သင်္ကြန်အမြောက်ဖောက်သလိုဖြစ်နေမယ်၊ ဒါမှမဟုတ် အမေရိကန်ကုန်သည်ကြီးများအသင်းနဲ့ တခြား စီးပွားရေးအုပ်စုတွေက ကန့်ကွက်ကြလိမ့်မယ်လို့မျှော်လင့်နေတာ ဖြစ်နိုင်တယ်။
ဒါပေမဲ့ ဒါဟာ ထရမ့် ထောက်ခံသူတွေကြားမှာ စည်းကြပ်ခွန်ကောက်ခံတဲ့ကိစ္စ ရေပန်းစားနေတာကို လျစ်လျူရှုရာကျတယ်။ မကြာမီက ကောက်ခံခဲ့တဲ့ စစ်တမ်းတစ်ခုအရ ရီပတ်ဘလီကန် ပါတီဝင် ၆၆ ရာခိုင်နှုန်းက တရုတ်ကိုစည်းကြပ်ခွန်ကောက်တာကို ထောက်ခံတယ်။ ထရမ့်က ၂၀၁၆ ခုနှစ်တုန်းက အမေရိကန်ကိုတခြား ဘယ်နိုင်ငံကမှ အသားယူ အမြတ်ထုတ်တာမျိုးမရှိစေရဘူးလို့ အဓိဋ္ဌာန်ပြုခဲ့တယ်။ သူ့ထောက်ခံသူတွေက သူ့ကတိကို တည်စေချင်ကြပြီး ထရမ့်ကလည်း ဒါကိုသိတယ်။
ဒုတိယကတော့ ထရမ့်က ကုန်သွယ်ရေးစစ်ပွဲမှာ နိုင်ခြေရှိတယ်လို့ ပြောထားတာကိုဈေးကွက်က ယုံကြည်တာဖြစ်နိုင်တယ်။
ကန်ကို တင်ပို့နေရတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ မှီခိုနေရတဲ့ နိုင်ငံတွေကတော့ဒီကိစ္စမှာ နောက်ဆုတ်နေတာကောင်းတယ်လို့ ယူဆကြတယ်။ ဇူလိုင်လဆန်းတုန်းကဥရောပသမဂ္ဂဟာ အမေရိကန်ကားတွေကို၊အမေရိကန်က ဥရောပ ကားတွေကို အခွန်ကောက်တာရဲ့ လေးဆပိုကောက်တာကိုထရမ့်က မကျေနပ်တဲ့အတွက် ဥရောပကော်မရှင်က အခွန်ကောက်ခံတာ ရပ်ဖို့ကိုတောင် တိုင်ပင်ခဲ့ကြသေးတယ်။
ဒါပေမဲ့ တရုတ်ကတော့ အမေရိကန်ရဲ့ဖိအားအောက်မှာ ပြိုလဲဖို့ စိတ်ကူးမရှိဘူး။
နိုင်ငံတွေထဲမှာ အယဉ်ကျေးဆုံးလို့ဆိုနိုင်တဲ့ကနေဒါကတောင် အမေရိကန်က အနိုင်ကျင့်တာကိုမခံဘဲ အမေရိကန်ကုန်ပစ္စည်း ဒေါ်လာ၁၂ ဘီလျံဖိုးကို ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခဲ့တယ်။ အီးယူက အမေရိကန်နဲ့ အပေးအယူသဘောမျိုးရှိမှ လိုက်လျောမှုတွေလုပ်ပေးလိမ့်မယ်။ ဥပမာအားဖြင့် ဥရောပ ပစ်ကပ်ထရပ်ကားတွေနဲ့ ဗင်ကားတွေကို အမေရိကန်က အခွန်ကောက်တာကို ပိတ်ပင်လိုက်တာမျိုးဖြစ်တယ်။တတိယကတော့ အမေရိကန်စည်းကြပ်ခွန် အလုံးစုံရဲ့ အကြီးစား စီးပွားရေးအကျိုးဆက်တွေဟာ နိုင်ငံတကာ လက်တုံ့ပြန်မှုကိုထည့်တွက်လိုက်ရင်တောင် တော်တော်မပြောပလောက်လို့ဖြစ်နိုင်တယ်။အမေရိကန်ထိပ်တန်း စီးပွားရေးပညာရှင်တွေက တင်ပို့ကုန်တွေ ၁၀ ရာခိုင်နှုန်း တန်ဖိုးတက်လာရင်ငွေကြေးဖောင်းပွမှု သုည ဒသမ ၇ ရာခိုင်နှုန်းရှိတယ်လို့ပြောတယ်။
ဒါဟာ ရိုးရိုးရှင်းရှင်းပဲ အလုပ်မှာထပ်တလဲလဲဖြစ်နေတဲ့ အစိတ်အပိုင်းတွေလိုပဲ။ အမေရိကန် တင်ပို့ကုန်တန်ဖိုးမှာစုစုပေါင်း ပြည်တွင်းထွက်ကုန်တန်ဖိုးရဲ့ ၁၅ရာခိုင်နှုန်းရှိတယ်။ သုည ဒသမ ၁၅ ကို သုညဒသမ ၁၀ နဲ့မြှောက်ရင် ၁ ဒသမ ၅ ရာခိုင်နှုန်းရမယ်။ တန်ဖိုးကြီးတင်ပို့ကုန်တွေ ဖယ်လိုက်ရင် တစ်ရာခိုင်နှုန်းအောက် ရောက်သွားမယ်။
ပြီးတော့ တိုးတက်မှုဟာ အလယ် အလတ်တင်ပို့ကုန်တွေ ဈေးတက်တာကြောင့် နှေးသွားမယ်ဆိုရင် ငွေကြေးခန့်ခွဲမှု အာဏာပိုင်အဖွဲ့ဟာ အတိုးနှုန်းတွေ တဖြည်းဖြည်းချင်း တိုးရင်းနဲ့ ဒါကိုပြန်ထေနိုင်တယ်။ နိုင်ငံခြား ဗဟိုဘဏ်တွေကလည်း အလားတူ ပြန်လုပ်နိုင်တယ်။
ဒါပေမဲ့ ကျွန်တော်က ဘာကိုစိုးရိမ်သလဲဆိုတော့ အငြိုးကြီးတဲ့ ကုန်သွယ်ရေးစစ်ပွဲတွေကြောင့် မရေရာတဲ့ အကြီးစားစီးပွားရေးအကျိုးဆက်တွေကို စံစီးပွားရေး စည်းမျဉ်းစည်းကမ်းတွေဟာ ဆိုးဆိုးရွားရွားကို မထိန်းချုပ်နိုင်လို့ပဲ။ ရင်းနှီးမြှုပ်နှံဖို့ အစီအစဉ်တွေလုပ်ပြီးဖြစ်တာကြောင့် ဒဒမြနထငအဒဒ ခေတ်လွန်ဗြိတိန်လိုပဲ ဒီမရေမရာမှုက ပေါ်ပေါက်လာဖို့တစ်နှစ်လောက်ကြာမယ်။ အလယ်အလတ်သွင်းကုန်တွေကို အခွန်ကောက်တာဟာကျင်လည်မှုကို ထိခိုက်စေမယ်။ ရှေးရိုးနည်းအတိုင်း ထုတ်လုပ်တာကို နည်းပညာမြင့်ထုတ်လုပ်မှုတွေထက် ပိုဦးစားပေးမယ်ဆိုရင်ထုတ်လုပ်နိုင်မှုဟာ ထိုးကျပြီး ရင်းနှီးမြှုပ်နှံမှုအတွက် အနုတ်လက္ခဏာဆောင်တဲ့ ဂယက်ရိုက်မှုတွေ ဖြစ်လာနိုင်တယ်။ ဗဟိုဘဏ်ဟာဒီပြဿနာကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ရမှာမဟုတ်ဘူး။
ဒါကြောင့် ထရမ့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲကစီးပွားရေးနဲ့ ဘဏ္ဍာရေးကို သေးငယ်တဲ့အကျိုးဆက်တွေပဲ သက်ရောက်မှုရှိတယ်လို့ထင်တဲ့လူတွေခဏလောက်စောင့်ကြည့်ပါဦး။။ (ဤဆောင်းပါးသည်Barry Eichengreen ၏အာဘော်သာဖြစ်သည်။ သူသည် University
of California, Berkeley က စီးပွားရေးပါမောက္ခဖြစ်ပြီး International Monetary Fund ကအဆင့်မြင့် မူဝါဒအကြံပေးဟောင်းတစ်ဦးဖြစ်သည်။ သူ၏ နောက်ဆုံးထွက်ရှိသည့်စာအုပ်မှာ The Populist Temptation:
Economic Grievance and Political Reaction in the Modern Era.ဖြစ်သည်။) (Project Syndicate) July 12, 2018

















