သုံးမြို့နယ်အတွင်းလုယက်မှု (၂၂) မှု ကျူးလွန်သူ ၄ ဦးကိုအရေးယူ

သုံးမြို့နယ်အတွင်းလုယက်မှု (၂၂) မှု ကျူးလွန်သူ ၄ ဦးကိုအရေးယူ

ဒဂုံမြို့သစ် သုံးမြို့နယ်အတွင်းလုယက်မှု (၂၂) မှု ကျူးလွန်သူ ၄ ဦးကို သက်ဆိုင်ရာက ဖော်ထုတ်ဖမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဇူလိုင် ၂၆ ရက်နေ့ တွင် ထုတ်ပြန်သည်။

ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ အမျိုးသမီးတစ်ဦးသည် ဇူလိုင် ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် သူငယ်ချင်း ဖြစ်သူ နှင့်အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်ရှိ မြို့ဦးစေတီသို့ စက်ဘီး မှနောက်မှ လိုက်ပါလာစဉ်အတူသွားရောက်ခဲ့ရာနတ်စင်မှတ်တိုင်အနီးအရောက်နောက်ဘက်မှ လူငယ် (၃)ဦးစီးလာသော ဆိုင်ကယ်မှ ကပ်လိုက်လာပြီးစက်ဘီး၏ရှေ့ခြင်းအတွင်းထည့်ထားသော Samsung Galaxy j2 Prime လက်ကိုင်ဖုန်းနှင့် ငွေကျပ် ၃၀ဝ၀ပါ ပိုက်ဆံအိတ်အား လုယူထွက်ပြေး၍ပတ်ဝန်းကျင်နေပြည်သူများမှဝိုင်းဝန်ဖမ်းဆီးရာ စည်သူထွန်း(ခ)စည်သူအားဖမ်းဆီးရမိခဲ့ ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးသွားသောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၁၄၁၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်ကာ အမှုမှ ဖမ်းဆီးရမိသူစည်သူထွန်း(ခ)စည်သူကိုစစ်ဆေးခဲ့သည်။

အဆိုပါအမှုတွင်ပါဝင်ကျူးလွန်ပြီးထွက်ပြေးသွားသူများမသက်ပိုင်ထွေး(ခ)ကိုသက်နှင့်ဝိကြည်(ခ)သရဲလေး(ခ)အရှုးလေးတို့နှစ်ဦးဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာစုံစမ်းဖမ်းဆီးခဲ့ရာယင်းနေ့ ညနေ ၁၈း၁၅ နာရီ အချိန် တွင် ထွက်ပြေးသွားသူ သက်ပိုင်ထွေး(ခ) ကိုသက်၊ ဝိကြည်(ခ)သရဲလေး(ခ)အရှုးလေး တို့အား ဒဂုံမြို့ သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၈၇)ရပ်ကွက်အတွင်းမှ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ စည်သူထွန်း(ခ)စည်သူပါ (၃)ဦးတို့အား ထပ်မံစစ်ဆေးခဲ့ရာပြစ်မှုများ ကျူးလွန်ရာတွင် ရဲလေး(ခ) မြင့်ဝင်းပါဝင်ကြောင်း ပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့ရာ ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ နာရီ အချိန်တွင်ရဲလေး(ခ)ဝင်းမြင့် ကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၇)ရပ်ကွက်အတွင်းမှပင် ဖမ်းဆီး ရမိခဲ့ပြီး အခြား လုယက်မှုများ ကျူးလွန်ထားခြင်းရှိမရှိ တိုက်ဆိုင်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်များအရ ၎င်းတို့သည် ယခုနှစ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်လများအတွင်းက ဆိုင် ကယ်ကို အသုံး ပြု၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပဲခူးမြစ်လမ်းမပေါ်တွင် လမ်းလျှောက်နေသူ အမျိုးသား တစ် ဦးထံမှ Honor လက်ကိုင်ဖုန်း၊ စက်ဘီးစီနေသူ အမျိုးသမီးထံမှ Vivo လက်ကိုင်ဖုန်း၊ ဒဂုံမြို့ သစ်(အရှေ့)မြို့နယ်၊ စက်မှုဇုန် အတွင်းရှိ မက္ခရာမင်းသားကြီးလမ်းပေါ်တွင် စက်ဘီးစီးနေသူ အမျိုးသမီးထံမှ ရွှေဆွဲကြိုး၊ ရွှေဆွဲသီး၊ရွှေလက်ကောက်နှင့် ငွေကျပ် ၂၂၀ဝ၀ဝ၊ ကမ္ဘောဇဘဏ် စာအုပ်(၁)အုပ်ပါပိုက်ဆံအိတ်တစ်လုံး၊ ၎င်းနေရာမှပင် ဆိုက္ကားနင်းသူထံမှ Oppo လက်ကိုင်ဖုန်း၊ ဂလို ကိုစက်ရုံရှေ့လမ်းမပေါ်တွင် လမ်းလျှောက်သူထံမှအမျိုးအစားမသိ လက်ကိုင်ဖုန်း၊ စက်မှုဇုန်လမ်း ပေါ်တွင် စက်ဘီးစီးသူအမျိုးသားထံမှ Samsung Galaxy G လက်ကိုင်ဖုန်း၊ စက်မှုဇုန်အဝိုင်းလမ်းမ ပေါ်တွင် စက်ဘီးစီးသူ အမျိုးသားထံမှ Vivo လက်ကိုင်ဖုန်း၊အထည်ချုပ်စက်ရုံ ရှေ့လမ်း မပေါ် တွင်စက်ဘီးစီးသူအမျိုးသားထံမှ Samsung Galaxy j-5 လက်ကိုင်ဖုန်း၊ မီးရထားသံလမ်းအနီး ပြိုင်ဘီးစီးနေသူ အမျိုးသားထံမှ Hero လက်ကိုင်ဖုန်း၊ စက်မှုဇုန်အတွင်းလမ်းပေါ်တွင်စက်ဘီး စီးသူအမျုးသမီးထံမှ Mi လက်ကိုင်ဖုန်း၊ ဂလိုကိုစက်ရုံရှေ့လမ်းမပေါ်တွင် စက်ဘီးစီးသူ အမျိုးသမီး ထံမှ Honor လက်ကိုင်ဖုန်းတို့အား လုယက်ယူဆောင်ကာ ရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့သည်။

၎င်းပြင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း အမှတ်(၁၇)ရပ်ကွက်၊ အမှတ်(၂)လမ်းမပေါ်တွင် စက်ဘီးစီးသူအမျိုးသားထံမှMiလက်ကိုင်ဖုန်း၊ အမှတ်(၆)ကားဂိတ်အနီးလမ်းလျှောက်နေသူအမျိုးသားထံမှ Samsung Galaxy Core လက်ကိုင်ဖုန်း၊ (၅၆)ရပ်ကွက်ဈေးအနီး စက်ဘီးစီးနေသူ အမျိုးသား ထံမှ XDU လက်ကိုင်ဖုန်း၊ လမ်းလျှောက်နေသူ အမျိုးသားထံမှ Mai လက်ကိုင်ဖုန်း၊ စက်မှုဇုန်(၂)ထိပ်တွင် လမ်းလျှောက်နေသူ အမျိုးသားထံမှ Samsung J-1 လက်ကိုင်ဖုန်း၊ ဧရာဝဏ်လမ်းမ ပေါ်တွင်စက်ဘီးစီးသူအမျိုးသားထံမှ Honor လက်ကိုင်ဖုန်း၊ (၁၈)ရပ်ကွက်၊ မောင်းမကန်လမ်းပေါ်တွင် စက်ဘီး စီးသူအမျိုးသားထံမှ Kenbo လက်ကိုင်ဖုန်း၊ အမှတ်(၂)လမ်းမကြီးပေါ်တွင် စက်ဘီးစီးလာသူ အမျိုးသားထံမှ Huaweiလက်ကိုင်ဖုန်း၊ ဗန္ဓုလလမ်းပေါ်တွင် စက်ဘီးစီးနေသူ အမျိုးသားထံမှ Huawei လက်ကိုင်ဖုန်းတို့အား လုယက်ယူဆောင်ကာ ရောင်းချခဲ့ ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။ စည်သူထွန်း(ခ)စည်သူပါ (၄)ဦးတို့တို့ ကျူးလွန်ခဲ့သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့ သစ် (အရှေ့)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်၍ အရေးယူ ဆောင် ရွက် လျက်ရှိကာ အမှုများမှသက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းကာ ဆက်လက်အရေးယူထား သည်။