တရုတ် တိုင်းရင်းဆေးများ ပြည်ပတင်ပို့ရန် တွန်းအားပေးမှုကြောင့် သင်းခွေချပ်များ ပျောက်ကွယ်လုနီးပါးဖြစ်

တရုတ် တိုင်းရင်းဆေးများ ပြည်ပတင်ပို့ရန် တွန်းအားပေးမှုကြောင့် သင်းခွေချပ်များ ပျောက်ကွယ်လုနီးပါးဖြစ်

ဗီယက်နမ် ” သင်းခွေချပ်များသည် ကမ္ဘာပေါ်တွင် မှောင်ခိုအကူးခံရဆုံး နို့တိုက်သတ္တဝါဖြစ်ကာ ဆယ်စုနှစ်တစ်စုအတွင်းမှာပင် တောနက်တွင်းက ကောင်ရေတစ်သန်း ခိုးယူဖမ်းဆီးခံကြရသည်ဟု ဆိုသည်။

 

တရုတ်နိုင်ငံတွင် စီးပွားဖြစ်ရောင်းဝယ်ကုန်သွယ်လျက်ရှိသော တိုင်းရင်းဆေးဝါးဈေးကွက်သို့တင်ပို့ပေးရန် တရုတ်နိုင်ငံတွင်မျိုးသုဉ်းလုနီးပါးဖြစ်နေသော သင်းခွေချပ်များသည် ကျန်အာရှဒေသများနှင့် အာဖရိကတောများ၌ပါ လျင်မြန်စွာ ပျောက်ကွယ်နေသည်။ ယခုအခါ တရုတ်နိုင်ငံသည် ၎င်း၏ပိုးလမ်းမ စီမံကိန်းရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ တိုင်းရင်းဆေးများကို ကမ္ဘာအနှံ့တင်ပို့ရန် တွန်းအားပေးနေသည့်အတွက် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ကျွမ်းကျင်သူများက အပြောင်းအလဲတစ်စုံတစ်ရာကို မကြာမီ မပြုလုပ်ပါကသင်းခွေချပ်များ တိမ်ကောပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြသည်။

သင်းခွေချပ် အကြေးခွံများတွင် ထူးထူးခြားခြား ဆေးဖက်ဝင်ပစ္စည်းများ ပါရှိသည်ဆိုသည့် လက်ခံနိုင်ဖွယ်မရှိသော ယုံကြည်ချက်ကြောင့် သင်းခွေချပ်များ တိမ်ကောပျောက်ကွယ်ရမည့် အကြောင်းဖြစ်သည်။ တရုတ်နှင့် ဗီယက်နမ်ရှိ ဆေးရုံများနှင့် ဆေးဆိုင်များတွင် သင်းခွေချပ် အကြေးခွံဖြင့်ပြုလုပ်ထားသောအမှုန့်ကို ဒူလာရောဂါ၊ အနာပိုးဝင်ခြင်း၊ အရေပြားရောဂါများ၊ နှလုံးသွေးလွှတ်ကြောရောဂါနှင့် ကင်ဆာရောဂါများအပါအဝင် ရောဂါ အတော်များများအတွက် ဆေးဝါးအဖြစ်မှီဝဲရန် ညွှန်းကြသည်။

စင်စစ်အားဖြင့် သင်းခွေချပ်အကြေးခွံများကို ကီရာတင်ဆိုသည့် အမျှင်ပါသည့် ပရိုတိန်း တစ်မျိုးဖြင့်ဖွဲ့စည်းထားကာ အဆိုပါပရိုတိန်းသည် ဆံပင်၊ အမွေးအမှင်၊ တိရစ္ဆာန်ခြေသည်း လက်သည်း၊ ခွာများတွင် အဓိကပါဝင်သည့်အရာ ဖြစ်သည်။

၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတကာတိရစ္ဆာန်မျိုးစိတ်များ ကုန်သွယ်မှုညီလာခံ၏နောက်ဆက်တွဲအပိုဒ် ၁ တွင် သင်းခွေချပ်မျိုးစိတ် ရှစ်မျိုးစလုံးကို နိုင်ငံတကာကုန်သွယ်မှုတွင် တရားမဝင်ကြောင်း စာရင်းသွင်းဖော်ပြခဲ့သည်။ သို့သော် ပြည်တွင်းကုန်သွယ်မှုကို ရပ်တန့်ပေးရန် တရုတ်နှင့် ဗီယက်နမ်က လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ ယခုအခါ အဆိုပါ ကုန်သွယ်မှုကို အများအားဖြင့် နိုင်ငံခြားက ရရှိသည်။

တရုတ်နိုင်ငံဆိပ်ကမ်းများတွင် အကောက်ခွန်အရာရှိများက ပုံမှန်ဖမ်းဆီမှုများ ပြုလုပ်နေသော်လည်း ဖမ်းဆီးရမိသည့် ပမာဏများမှာ စိတ်မချမ်းသာစရာ တရားဝင်ကြေညာချက်ပင်ဖြစ်သည်။ တရုတ်နိုင်ငံ တောင်ပိုင်း ရှန်ကျင့်ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ တစ်လတည်းတွင် သင်းခွေချပ်အကြေးခွံ ၁၃ တန် ဖမ်းဆီးရမိခြင်းက သင်းခွေချပ် အကောင်ရေ ထောင်ပေါင်းများစွာသတ်ဖြတ်ခံရခြင်းကို ဖော်ပြနေသည်။

သင်းခွေချပ်များ မျိုးမပြုန်းစေရန် ထိန်းသိမ်းစောင့်ရှောက်ပေးသည့် အဖွဲ့များကသင်းခွေချပ်များရင်ဆိုင်နေရသည့် အန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများအား ပညာပေးခြင်းဖြင့် ဝယ်ယူမှုကို လျှော့ချရန်နှင့် ကီရာတင်စားသုံးခြင်းထက် ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် ရောဂါကုသရန် ကြိုးပမ်းဆောင်ရွက်နေသည်။

ဆင်စွယ်နှင့် ငါးမန်တောင်ဟင်းချို ဝယ်ယူမှုကို တားမြစ်ရန် ျွှငိူ ဗငိ အဖွဲ့က တရုတ်နာမည်ကျော် အနုပညာရှင်များ အသုံးပြု၍စည်းရုံးလှုံ့ဆော်ခဲ့ရာ အတော်အသင့်အောင်မြင်မှုရရှိခဲ့သဖြင့် သင်းခွေချပ်များအတွက်လည်း အလားတူနည်းလမ်းမျိုးကြိုးစားပြုလုပ်ကာ တရုတ်က သရုပ်ဆောင်များဖြစ်သော ဂျက်ကီချန်းနှင့် အန်ဂျီလာဘေဘီ၊ဗီယက်နမ် မယ်စကြဝဠာဟောင်း ဖန်ဟောင်တို့က အများပြည်သူတို့အတွက် လှုံ့ဆော်မှုများပြုလုပ်ရန် စာရင်းပေးထားသည်။

တရုတ်တိုင်းရင်းဆေးများကို ကမ္ဘာအနှံ့က ပိုမိုလက်ခံလာစေချင်ပါက မျိုးသုဉ်းမည့်အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်ပစ္စည်းများ အသုံးပြုခြင်းကို ရပ်တန့်ရန် လိုအပ်ကြောင်း WildAid အဖွဲ့ကို တည်ထောင်သူ ပီတာနိုက်က ပြောသည်။

တရုတ်အစိုးရက သင်းခွေချပ်အကြေးခွံများအား ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုခြင်းကို အားပေးနေသမျှကာလပတ်လုံး ပြုပြင်ပြောင်းလဲရန် မလွယ်ကူလှပေ။

အကြေးခွံများ သိုလှောင်သိမ်းဆည်းထားသည့်နေရာမှ ဆေးရုံများနှင့် ဆေးဆိုင်များသို့နှစ်စဉ် အကြေးခွံ ၂၆ တန် ပေးပို့နေရသည်ဟုအာဏာပိုင်များက ပြောကြားသော်လည်းထိုလုပ်ငန်းကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမှုမရှိခြင်းကြောင့် မှောင်ခိုကုန်ကူးမှုကို တရားဝင်ဖြစ်စေသည်။

တရုတ်နှင့် ဗီယက်နမ်နယ်စပ်တွင် တာဝန်ရှိသူများကို မသိကျိုးကျွန်ပြုနေရန် လာဘ်ထိုးကာ အင်အားကြီးမားသည့် ရာဇဝတ်ဂိုဏ်းများက လူမှောင်ခိုကူးခြင်း၊ မူးယစ်ဆေးဝါးနှင့် တောရိုင်းတိရစ္ဆာန်ပစ္စည်းများ မှောင်ခိုကူးခြင်းတို့ကို ထိန်းချုပ်လုပ်ကိုင်နေကြသည်။

ဗီယက်နမ်ရှိ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်းက စကော့တ်ရောဘတ်တန်က ဆင်၊ ကြံ့၊ ကျားများနှင့် နှိုင်းယှဉ်ကြည့်ပါက သင်းခွေချပ်များ ကယ်ဆယ်ရေး အရေးကြီးပုံကို အာရှဒေသ အစိုးရများနားလည်သဘောပေါက်ရန် ခက်ခဲကြောင်း ပြောကြားသည်။ တရုတ် ကုမ္ပဏီများ၏အစီရင်ခံစာများအရ အာဖရိကတွင်သင်းခွေချပ် မွေးမြူရေးခြံများ ဖွင့်လှစ်ရန်ကြိုးပမ်းနေပြီး တောင်အာဖရိကနှင့် အမေရိကန်ပြည်ထောင်စုကဲ့သို့ ေ-ဝးလံသောနေရာများရှိ တရုတ်ဆရာဝန်များက သင်းခွေချပ်အကြေးခွံကို သုံးစွဲရန်ညွှန်ကြားနေကြရာတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူများ၏ စိုးရိမ်ပူပန်မှုများကို ပိုမို ကြီးမားလာစေခဲ့သည်။