ကမ္ဘာဇဘဏ် ဝန်ထမ်းအမျိုးသမီးနှင့်မိတ်ဆွေ ၅ ဦးတို့က ဘဏ်၏ပုံစံတူချက်လက်မှတ်အတုများ အသုံးပြုကာ မန္တလေး နှင့်ရန်ကုန်မြို့များရှိ ဘဏ်များတွင် ကျပ်သိန်း ၂၇၀၀ ကျော်ကို လိမ်လည် ထုတ်ယူခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဖော်ထုတ်ဖမ်းဆီးခဲ့သည်။
မန္တလေးမြို့ KBZ ခွဲ(၂၄)မှ ဘဏ်ဝန်ထမ်း မခင်ငြိမ်းချမ်းက ဘဏ်အကောင့် တစ်ခုဖွင့် လှစ်၍တရားမ ဝင်ပုံစံတူဘဏ်ချက်လက်မှတ်များထုတ်ယူသွားခဲ့သည်။ ၄င်းထုတ်ယူခဲ့သည့်အဆိုပါချက်လက်မှတ်များကို အသုံးပြု၍ ကမာရွတ်မြို့နယ်ရှိ KBZဘဏ် (လှည်းတန်း)ဘဏ်ခွဲမှငွေကျပ်သိန်း၈၀၀၊မြောက်ဥက္ကလာပမြို့နယ်ကန်သာယာဘဏ်ခွဲမှကျပ်သိန်း(၉၇၅)သိန်း၊မင်္ဂလာဒုံဘဏ်ခွဲKBZဘဏ်မှကျပ်သိန်း(၉၅၀)သိန်း၊စုစုပေါင်း(၂၇၂၅၀၀၀၀၀)ကျပ်ကို ၎င်း၏မိတ်ဆွေထက်မြက်လင်းဆိုသူနှင့်အတူ လိမ်းလည်ထုတ်ယူသွားသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရဲစခန်းသို့ အရေးယူပေးရန် တိုင်ကြားခဲ့သည်။
မန္တလေး(၁)အမှတ်(၃)နယ်မြေရဲစခန်းက (ပ)၄၂၃/၁၈၊ရာဇသတ်ကြီးပုဒ်မ၄၀၈/၄၆၈/၁၁၄အရလည်းကောင်း၊ အမှတ် (၂)အမှတ်(၈)မြို့မရဲစခန်းက(ပ)၄၈၁/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ-၄၂၀/၄၆၈ အရလည်း ကောင်းအမှုဖွင့်စုံစမ်းခဲ့သည်။
တိုင်ကြားမှုနှင့်ပတ်သက်၍စုံစမ်းချက်များအရ ပြစ်မှုကျူးလွန်သူများသည် မန္တလေးKBZ ဘဏ်ခွဲ (၂၄)ငွေစာရင်းရှင် ဒေါ်ရူပါသက်အမည်ဖြင့်ပုံစံတူချက်လက်မှတ်များထုတ်ယူခဲ့ကြောင်းမန္တလေးခရိုင်မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှရဲအုပ်ဗိုလ်ဗိုလ်အောင်ဦး၊ဒုရဲအုပ် ဇော်မင်းညွန့်နှင့်ပါဝင်သည့် ပူးပေါင်းအဖွဲ့ကမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာ အမှုတွင်ပါဝင်သူ ပြည်ကြီးတံခွန်မြို့နယ်နေ ကျော်ဖြိုးသူ (၂၅) နှစ်နှင့် မဟာ အောင် မြေမြို့နယ်နေ မောင်မင်းထက်ဦး (၁၉)နှစ် တို့ ၂ ဦးကို ဇူလိုင် ၂၀ ရက်တွင် ဖမ်းဆီးခဲ့သည်။
၄င်းတို့၂ဦးကိုစစ်ဆေးချက်အရမန္တလေးKBZဘဏ်ခွဲ(၂)တွင်ပုံစံတူချက်လက်မှတ်ဖြင့်ငွေသိန်း ၈ဝဝသွား ရောက်ထုတ်ယူရန်သူငယ်ချင်းထက်မြက်လင်းက(ကား)အကူညီတောင်းခဲ့သဖြင့် ၄င်းတို့ ၃ ဦး ဘဏ်သို့အတူသွားခဲ့ကြောင်း၊ မှတ်ပုံတင်တောင်းသဖြင့်ကျော်ဖြိုးသူက မှတ်ပုံတင်ဖြင့် ငွေထုတ်ယူခဲ့ ကြောင်း၊အဆိုပါကိစ္စစေခိုင်းရာတွင် ထက်မြတ်လင်း၏ ဖခင်ဖြစ်သူဦးထွန်းထွန်းလင်းမှ ဖုန်းဖြင့် အဆက်သွယ်မပျက်စေခိုင်းခဲ့ကြောင်းပေါ်ပေါက်သဖြင့် ဇူလိုင် ၂၃ ရက်တွင် ဦးထွန်းထွန်း လင်းအား မန္တလေးပုသိမ်ကြီးမြိုနယ်၊ရွှေစာရံ လျှပ်စစ်ဓာတ်အားခွဲရုံရှိ နေအိမ်မှလည်းကောင်း၊ ထက်မြက် လင်းအား ပြင်ဦးလွင်မြို့နယ်ရပ်ကွက်ကြီး(၅) မှ အသီးသီးဖမ်းဆီးခဲ့ပြီး အမှုဖြင့်ဆက် လက်စစ် ဆေး လျက်ရှိသည်။

















