ကန်ဒေါ်လာ ၁၈ သန်း ခန့်တန်ဖိုးရှိ မူးယစ်ဖမ်းဆီးမှုမှ ဖမ်းဝရမ်းအတည်ပြု ရဲအရာရှိနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကို လာမည့်ရုံးချိန်းတွင် စစ်ဆေးမည်

ကန်ဒေါ်လာ ၁၈ သန်း ခန့်တန်ဖိုးရှိ မူးယစ်ဖမ်းဆီးမှုမှ ဖမ်းဝရမ်းအတည်ပြု ရဲအရာရှိနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကို လာမည့်ရုံးချိန်းတွင် စစ်ဆေးမည်

မလေးရှားနိုင်ငံသို့ တင်ပို့သည့် ကန်ဒေါ်လာ ၁၈ သန်း (ရင်းဂစ် ၇၁ သန်း) ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ မောင်မောင်အပါအဝင် သုံးဦးအမှုအား လာမည့်ရုံးချိန်းတွင် ဖမ်းဝရမ်းအတည်ပြုရဲအရာရှိနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် များကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက် အနောက်ပိုင်းခရိုင်တရားရုံး တတိယအကြိမ်ရုံးထုတ် စစ်ဆေးမှုအပြီးတွင် တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင် ကပြောသည်။

အဆိုပါ မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများတင်ပို့မှုဖြင့် မောင်မောင်(ခ) HJ Yassin ၊ မင်းနိုင်၊ဇေယျာဟိန်း တို့ သုံးဦးကို ရဲတပ်ဖွဲ့က ဇွန်လဆန်းတွင် ဖမ်းဆီးခဲ့ပြီး အနောက်ပိုင်းခရိုင်တရားရုံးသို့ ဇွန် ၂၉ ရက်တွင် မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၂၀(ခ)/၂၂(က)ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ခြင်း ဖြစ်သည်။

"မာမက်ဟူစိန်(ခ)ဟူစိန် ဖမ်းဆီးဖို့ထုတ်ပေးတဲ့ ဖမ်းဝရမ်းဒုရဲအုပ်ဇော်မင်းထွန်းက ဝရမ်းပြန် သွင်းတယ်။ ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦး လွင်(တိမ်းရှောင်)အမှုက ဖမ်းဝရမ်းကတော့ ပြီးသွားပြီ။ ဒီနေ့က ဟူစိန်(ခ) မိုဟာမက် ဟူစိန် (တိမ်းရှောင်) အမှုပါ။ နောက်တစ်ပတ်ရုံးချိန်းမှာ ဖမ်းဝရမ်း အတည်ပြုတဲ့ ရဲအရာရှိနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ။ လာမယ့်ရုံးချိန်းက သြဂုတ် ၈ နဲ့ ၁၄ ရက်နေ့ ၂ ချိန်းမှာ စစ်ဆေးသွားမယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင် ကပြောသည်။

 ဇွန် ၁၉ ရက်နေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံသို့ လက်ဖက်ခြောက် ထုပ်များ နှင့်ရောနှောတင်ပိုခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ မောင်မောင်(ခ) HJ Yassin ၊ မင်းနိုင်၊ အောင်လွင်၊ ဇေယျာဟိန်း တို့ကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး အမှုဖြင့်တိမ်း ရှောင် နေသူ  ချင်ကျားမူ(ခ) မကျားဝေ (ခ) နှင်းဦးလွင်(ဖမ်းမမိသေး)၊ အကိုကြီး(ခ) ကတုံးနှင့် ဟူစိန်(ခ) မိုဟာ မက်ဟူစိန် တို့ကို အမှုဖြင့် စုံစမ်းစစ်ဆေးနေသူများဖြစ်ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးဖမ်းဆီးမှုမှ ဖမ်းဆီးခံရသူများကို  စစ်ဆေးချက်များအရ မောင်မောင်(ခ) HJ Yassin (ဖမ်းမိ)ထံမှ ခန့်မှန်းကျပ် သိန်းပေါင်း ခုနှစ်သောင်းကျော်၊ ထားဝယ်ကြီး (ခ) အောင်လွင် (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်းပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော်၊ ဇေယျာဟိန်း (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်း ပေါင်း လေးထောင်ကျော်၊ မင်းနိုင်(ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ငါးရာခန့်၊ ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦး လွင်(တိမ်းရှောင်) ပိုင်ဆိုင်သည့်  ခန့်မှန်းကျပ်သိန်းပေါင်း ရှစ်သောင်းကျော်၊ ဟူစိန်(ခ) မိုဟာမက် ဟူစိန် (တိမ်းရှောင်) ပိုင်ဆိုင်သည့်  ခန့်မှန်းကျပ်သိန်းပေါင်း ငါးထောင်ကျော် တို့အား ကနဦးစိစစ် တွေ့ရှိရ၍ ထိန်းသိမ်းကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက် လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမှုဖြင့်တိမ်းရှောင်နေသူများကျန်ရှိနေခြင်းကြောင့် ပြစ်မှုအထွေထွေ ၄၂/၁၈ ၂၀(ခ) ၂၂ (က) ရာဇ ဝတ်ကျင့်ထုံးပုဒ်မ ၅၁၂ ကို အတည်ပြုရန်လုပ်ဆောင်နေပြီး  ရာကြီးအမှုအမှတ် ၈၄/၁၈ စတင် စစ် ဆေးနိုင်ခြင်းမရှိသေးပေ။ အဆိုပါမူးယစ်ဆေးဝါးဖမ်းဆီးမှုအတွက် သက် သေ ၆၉ ဦးကို စစ်ဆေးပေးရန် တရားရုံး သို့ တင်ပြထားသည်။

အဆိုပါအမှုဖြင့် ဆက်စပ်၍ မောင်မောင်(ခ)Hj Yassin ၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးများကို အကျိုးအမြတ်နှင့်စပ်လျဉ်း၍ အရေးယူခြင်းမရှိစေရန် ဖုံးကွယ်ဖျောက် ဖျက်ပေးခဲ့သူ တာမွေမြို့နယ်နေ ညီညီနိုင်(ခ) မွတ်နားခမ်း(၄၉ နှစ်)၊ မဝင်းမာထွန်း(ခ)ဂျမီလာ(၄၅ နှစ်)၊မဖြူမာကျော်(ခ)ဘသဒွန်းနီဆာ(၄၅ နှစ်)နှင့် ဝေယံကျော်(ခ)ယူစွတ်(၂၄ နှစ်)တို့ကို သက်ဆိုင် ရာက ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဉပဒေပုဒ်မ ၁၉(ဂ)/၂၁ အရ အမှုဖွင့်ရမန်ယူစစ်ဆေးလျက်ရှိသည်။

အနောက်ပိုင်း ခရိုင်တရားရုံးက အမှုကို သြဂုတ် ၈ ရက်နေ့သို့ ချိန်းဆိုထားကြောင်း တရားရုံးမှသိရသည်။