ကမ္ဘောဒီးယားနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍက ၂၀၁၈ ပထမနှစ်ဝက်အတွင်း စုစုပေါင်း ရင်းနှိးမြှုပ်နှံမှု ဒေါ်လာ၂ဒသမ၁၅ ဘီလီယံကျော်ဆွဲဆောင် နိုင်ခဲ့ကြောင်း နောက်ဆုံးထုတ်စာရင်းဇယားများအရ သိရသည်။
မြေယာစီမံခန့်ခွဲရေး၊မြို့ပြစီမံကိန်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ယခုနှစ်ပထမခြောက်လအတွင်း စုစုပေါင်းဧရီယာ စတုရန်မီတာ၅ဒသမ၃၅သန်းရှိ ဆောက်လုပ်ရေးပရောဂျက် ၁၆၄၃ခုအား လိုင်စင်ချပေးခဲ့ကြောင်း ဆိုသည်။. ဆောက်လုပ်ရေးနှင့်အိမ်ခြံမြေလုပ်ငန်းတွင် ထိပ်တန်းရင်းနှီးမြှုပ်နှံသူများမှာ တရုတ်၊ တောင်ကိုရီးယား၊ဂျပန် တို့မှဖြစ်သည်။ မြေယာစီမံခန့်ခွဲရေး၊မြို့ပြစီမံကိန်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနပြောခွင့်ရသူ ဆန်လောက်ကပြောရာတွင် အထပ်မြင့်အဆောက်အအုံများ၊မြို့သစ်များ၊ လူနေရုံးခန်းများဆောက်လုပ်မှုမှာ ပြီးခဲ့သည့် ငါးနှစ်ခန်ပအတွင်း ကမ္ဘောဒီးယားတွင် မှိုလိုပေါက်လာနေကြောင်း ဆိုသည်။
ယခုအခါတွင် အထပ်မြင့်( ၅ထပ်မှ ၅၄ထပ်) အဆောက်အအုံ စုစုပေါင်း ၁၀ဝ၀ကျော်လာကြောင်း၊ အထပ်မြင့်အဆောက်အ အုံများ၊မြို့သစ်များ၊ လူနေရုံး ခန်းများဆောက်လုပ်မှုအများစုမှာ မြို့တော်ဖနွမ်းပင်တစ်ဝိုက်တွင် ဖြစ်ကြောင်း ဆိုသည်။ ဆောက်လုပ်ရေးသည် ကမ္ဘောဒီးယားစီးပွားရေး၏ အဓိကကဏ္ဍလေးရပ်အနက်တစ်ခုဖြစ်ကြောင်း၊ ဆောက်လုပ်ရေးကဏ္ဍမှာ ယမန်နှစ်ဂျီ ဒီပီ ( ၂၂ဘီလီယံဒေါ်လာ) ၏ ၂၉%ရှိကြောင်း၊ အထည်ချုပ်ကဏ္ဍက ၃၀% ၊စိုက်ပျိုးရေး ၂၅%၊ ခရိးသွား ၁၃၅ အသီးသီးရှိကြောင်း သိရသည်။
















