အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ ဆေးကုသပေးခဲ့သည့် နီကာရာဂွာဆရာဝန်ရှစ်ဦး အလုပ်မှ ထုတ်ပယ်ခံခဲ့ကြရ

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ ဆေးကုသပေးခဲ့သည့် နီကာရာဂွာဆရာဝန်ရှစ်ဦး အလုပ်မှ ထုတ်ပယ်ခံခဲ့ကြရ

နီကာရာဂွာသမ္မတဒယ်နီယယ်အော်တေဂါ၏အစိုးရကို ဆန့်ကျင်ဆန္ဒပြနေသည့်ဆန္ဒပြသူများအနက် ဒဏ်ရာရရှိသူများအား ကုသ ပေးခြင်းမပြုရန် ညွှန်ကြားချက်ထုတ်ပြန်ထားခြင်းကို ဆန့်ကျင်ပြီး ကုသမှုများပြုလုပ်ခဲ့သည့်အတွက် အလုပ်မှထုတ်ပယ်ခံခဲ့ရကြောင်း အစိုးရဆေးရုံတွင်တာဝန်ကျခဲ့သည့် ဆရာဝန်ရှစ်ဦးတို့က ဇူလိုင်  ၂၇  ရက်တွင်ပြောဆိုခဲ့သည်။

လက်မှတ်ရေးထိုး

နိုင်ငံအနောက်တောင်ပိုင်း လီယွန်မြို့ရှိ အော်စကာဒယ်နီလိုရိုဆာလက်စ်အာဂူလိုဆေး ရုံ၏ ညွှန်ကြားရေးမှူးချုပ်လက်မှတ်ရေးထိုးထားသည့် တာဝန်မှအနားပေးစာများကို အေပီ သတင်းဌာနမှသတင်းထောက်များက မြင်တွေ့ ခဲ့ရသည်။ စာများတွင် အကြောင်းရင်းကို ဖော်ပြထားခြင်းမပြုချေ။ ဒဏ်ရာရရှိသည့်ဆန္ဒပြသူများကို ကုသ ပေးခဲ့ပြီး တရားမျှတမှု၊ လွတ်လပ်မှုနှင့် စစ်မှန် သောဒီမိုကရေစီစနစ်အတွက် တောင်းဆိုသည့် ဆန္ဒပြမှုများကို တစ်နည်းနည်းဖြင့်ထောက်ခံ ခဲ့သည့်ပြစ်မှုကို ကျူးလွန်မိခဲ့သောကြောင့်

၎င်းတို့ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကြောင်း မထုတ် ပယ်ခံရမီ၌ ဆေးရုံရှိခွဲစိတ်ကုသမှုဌာနအကြီး အကဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ဟာဗီ ယာပက်စတိုရာမမ်ဘရဲနိုက ပြောဆိုခဲ့သည်။

လက်တွေ့ကျင့်သုံး

ကျွန်တော်တို့က ဆရာဝန်တွေပါ၊ အကြမ်း ဖက်သမားတွေမဟုတ်ပါဘူး"ဟု ၎င်းကပြော ဆိုခဲ့သည်။ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို အစိုးရဆေးရုံများတွင် ကုသပေးခြင်းမပြုရန် ညွှန်ကြားချက်ရှိနေပြီး လက်တွေ့လည်းကျင့်သုံး နေကြောင်း ပြောဆိုမှုများရှိနေသည်။ ယင်းကဲ့သို့ အမိန့်ကိုထုတ်ထားခြင်းမရှိကြောင်း အော်တေ ဂါ၏အစိုးရက ပြောဆိုခဲ့သည်။

နီကာရာဂွာကျန်းမာရေးစနစ်သည် မည် သူ့ကိုမဆို ကုသပေးရန် ငြင်းဆိုခြင်းမပြုခဲ့ဖူး ကြောင်း ကျန်းမာရေးဝန်ကြီး ဆိုနီယာကက် စထရိုက ပြောဆိုခဲ့သည်။

တောင်းဆို

အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ စတင်ဖြစ် ပွားခဲ့သည့် ဧပြီမှစ၍ ဆန္ဒပြသူအများစုအပါ အဝင် လူ ၄၄၈ ဦးတို့သေဆုံးခဲ့သည်။ ဆန္ဒပြသူ များသည် ကနဦးတွင် လူမှုဖူလုံရေးထောက်ပံ့ ကြေးလျှော့ချသည်ကို မကျေမနပ်ဆန္ဒပြခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အစိုးရလိုလားသော လက်နက် ကိုင်အရပ်သားများက တိုက်ခိုက်ခဲ့ပြီးနောက် အော်တေဂါအစိုးရ နုတ်ထွက်ပေးရန် တောင်း ဆိုခဲ့ကြသည်။

ဆရာဝန်တစ်ဦးဖြစ်သည့် အာရွန်ဒယ်ဂါ ဒိုက ရင်သားကင်ဆာလူနာတစ်ဦးကိုခွဲစိတ် နေစဉ် လူ့အရင်းအမြစ်ဌာနသို့ သွားရောက် သတင်းပို့ရန် ဆင့်ခေါ်ခံခဲ့ရသောကြောင့် သွား ရောက်ခဲ့ရာ ထုတ်ပယ်စာကိုရရှိခဲ့ကြောင်းပြော ဆိုခဲ့သည်။ ခွဲစိတ်မှုကိုပင် ဆက်လက်ပြုလုပ်ခွင့် မပေးခဲ့ကြောင်း၊ လွန်ခဲ့သောလတွင် အစိုးရဘက် တော်သားများက အစုလိုက်အပြုံလိုက်သတ် ဖြတ်မှုကိုကျူးလွန်စဉ်အတွင်း ဒဏ်ရာရရှိသူ တစ်ဦးကိုကုသပေးခဲ့သည့် အပြစ်သာရှိခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့သည်။