တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲကြောင့် မြေပဲ၊ပဲပုပ်၊ ပဲဖတ် များ တင်ပို့ခွင့်ရရန် အိန္ဒိယကမျှော်လင့်နေ ကြောင်း သိရသည်။
အထူးသဖြင့် ပေကျင်းက အမေရိကန်ပဲဖတ်များအပေါ် သွင်းကုန်ခွန်မြှင့်တင်ခဲ့လျှင် ဒေလီအနေဖြင့် သူတို့၏ ဈေးသက်သာမှုကိုအခွင့်ကောင်းယူကာတင်ပို့ရန် မျော်လင့်နေခြင်းဖြစ်သည်။ အကယ်၍ အခြေအနေပေး လာလျှင် ပဲပုပ်၊ မြေပဲနျင့်မြေပဲဖတ်များကို တရုတ်သို့တင်ပို့ခွင့်ရရန် မျှော်လင့်နိုင်ကြောင်း၊ မိမိတို့အနေဖြင့် ဈေးနှုန်း အားသားချက်ကိုအသုံးချပြီးအမေရိကန်၏ဈေးကွက်ကို ဝင်ရောက်နေရာယူရန်ဖြစ်ကြောင်း စီးပွားကူးသန်း ဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
တရုတ်ကအမေရိကန် ပဲပုပ်၊ ဓာတုပစ္စည်း၊ ဆေးဝါးကိရိယာများအပေါ် အခွန် ၂၅%ထပ်တိုးလိုက်သော်လည်း အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒဒေ့ရှ်၊ တောင်ကိုရီးယား၊လာအို စသည့် အာရှပစိဖိတ် ကုန်သွယ်ရေးသဘောတူညီချက်အဖွဲ့ဝင်များ၏ ပဲပုပ်အပါအဝင်စိုက်ပျိုးရေး ထွက်ကုန်များ အပေါ် အခွန်လျှော့ချခဲ့ သည်။ အိန္ဒိယရှိသက်ဆိုင်ရာလုပ်ငန်းများအနေဖြင့် ပဲပုပ်ပဲဖတ်ဒေါ်လာသန်း၁၀ဝဖိုးနျင့် မြေပဲ ဒေါ်လာသန်း၅၀ဖို့ခန့် တရုတ်သို့တင်ပို့ရန်ရည်မှန်းနေသည်။
ယခင်ကမူ အိန္ဒိယအနေဖြင့် တရုတ်သို့ပဲပုပ်ဆီမတင်ပို့နိုင်သည့်အပြင် မြေပဲ ပို့ကုန်မှာလည်း တရုတ်တွင် အကောက်ခွန် ၁၅% ဖြစ်ခဲ့သည်။ မိမိတို့မှာ ယခင်က ပဲပုပ်ပဲဖတ်နှင့် မြေပဲတွင် မယှဉ်ပြိုင် ခဲ့ကြောင်း၊ သို့သော်ယခုအခါတွင် ဈေးနှုန်းအားသာချက်ရှိလာကြောင်း အိန္ဒိယဆီထွက်သီးနှံနှင့် ပို့ကုန်တိုးမြှင့်ရေး ကောင်စီဥက္ကဌဟောင်း ဆန်ဂျစ်ဆော်လာကဆိုသည်။ သို့တိုင် တရုတ်သို့ကုန်တင်ပို့ရာတွင် အကောက်ခွန်မ ဟုတ်သော အဟန့် အတားများအား စိုးရိမ်မှုရှိနေကြောင်း အစိုးရနှင့်ကုမ္ပဏီများထံမှသိရသည်။
















