ဗီယက်နမ်လက်ဖက်တင်ပို့မှု ကမ္ဘာ့အဆင့်(၅) ဖြစ်လာ

ဗီယက်နမ်လက်ဖက်တင်ပို့မှု ကမ္ဘာ့အဆင့်(၅) ဖြစ်လာ

ဗီယက်နမ်နိုင်ငံသည်ယခုအခါ လက်ဖက်ထုတ်လုပ်မှုတွင် ကမ္ဘာ့အဆင့်(၇)ဖြစ်ပြီး လက်ဖက်တင်ပို့မှု ကမ္ဘာ့အဆင့်(၅) ဖြစ်လာကြောင်းသိရသည်။

စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအဆိုအရ နိုင်ငံအတွင်း လက်ဖက်စက်ရုံ၅၀ဝ ကျော်လည်ပတ်နေကြောင်း၊ ယင်းတို့မှ နှစ်စဉ် လက်ဖက်ခြောက်တန်ငါးသိန်းကျော်ထုတ်လုပ်နေကြောင်း သိရသည်။

ထုတ်လုပ်မှုမြင့်မားသော်လည်း ဗီယက်နမ်လက်ဖက်ဈေးမှာ ကမ္ဘာဈေး၏ ထက်ဝက်သာရကြောင်း၊ အဓိကအကြောင်းမှာ ဗီယက်နမ်ထုတ်ကုန်များမှာ ပြည်ပတင်သွင်းသူများကသတ်မှတ်ထားသည့် စံချိန်စံညွှန်း မမီ သောကြောင့်ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်က ဇန်နဝါရီမှ ဧပြီအတွင်း လက်ဖက် ၃၄၀ဝ၀ တန် အား တန်ဖိုး ဒေါ်လာ၅၄သန်းဖြင့် တင်ပို့ခဲ့ကြောင်း၊ ယမန်နှစ်ကာလတူထက် ၁၀ ဒသမ၂ ရာခိုင်နှုန်းနှင့် ၃ဒသမ၆ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ကြောင်း သိရသည်။