နှစ်လောင်းပြိုင်လူသတ်မှု အချိန်တိုတွင်းဖမ်းမိ

နှစ်လောင်းပြိုင်လူသတ်မှု အချိန်တိုတွင်းဖမ်းမိ

ကျောက်တံခါးမြို့နယ် မြို့ချောင်းတွင် ၂လောင်းပြိုင်လူသတ်မှုဇူလိုင် ၂၉ ရက်ကဖြစ်ပွား ခဲ့ကြောင်း ဖဒိုနယ်မြေရဲစခန်းမှသိရသည်။

အဆိုပါနေ့ နံနက် ၁၀ နာရီ  အချိန်တွင် မြို့ချောင်းကျေးရွာ စိန်ကန့်လန့်လမ်းနေ အမျိုးသားကြီးသည််  စျေးဝယ်သွားပြီးပြန်လာစဉ် လယ်တဲနှင့် လယ်(၅)ကွက်ကျော်ခန့်တွင်နေထိုင်သော ဦးမောင်လှ ကို  ၎င်း၏နေအိမ်အောက်ထပ် တွင် ဓါးခုတ်ဒဏ်ရာများနှင့်သေဆုံးနေသည်ကိုတွေ့မြင်ခဲ့သည်။

ထို့နောက် ဦးမောင်လှ၏ဇနီးဖြစ်သူနှင်သား(၂) ယောက်တို့ကို ရှာဖွေရာနေအိမ်အနောက်ဘက် လယ် ၂ ကွက်ကျော်ခန့်တွင် ဦးမောင်လှ၏ဇနီးနော်ဗွေစေးမှာလည်း ဓါးခုတ်ဒဏ်ရာများနှင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်။

သေဆုံးသူနှစ်ဦး၏ သား(၂) ယောက်ကို တစ်ရွာတည်းနေသူအခြားအမျိုးသားတစ်ဦး ၏တဲတွင်တွေ့ရှိရပြီး၎င်းတို့၏ပြောပြချက်အရ ဦးလေးဖြစ်သူ မြင့်ထူးက မိဘများကို ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ပြောပြသိရသည်ဆိုကာ သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သည်။

ဖဒိုနယ်မြေရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့က မြင့်ထူးကိုဖမ်းဆီးခဲ့ပြီး (ပ)၃၃၇/၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်  စစ်ဆေးလျက်ရှိသည်။