မှော်ဘီမြို့နယ်တွင် ထမင်းဆိုင်တွင်ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဇူလိုင် ၂၉ တွင်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဇူလိုင်၂၈ ရက် သန်းခေါင်းကျော် ၁၂ နာရီ ခွဲအချိ်န် မှော်ဘီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မြောင်းတကာကျေးရွာ နေ တိုင်ကြားသူ အမျိုးသား ၏နေအိမ်သို့ လာရောက်လည်ပတ်နေထိုင်သည့် တူဖြစ်သူ ကျော်ဘ (၃၃) နစ်မှာ ကျေးရွာရှိ ထမင်းဆိုင်တွင် ဓားဖြင့် အခုတ်ခံရကြောင်း ကြားသိသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
တူဖြစ်သူမှာ ဓားဒဏ်ရာများဖြင့်လဲကျနေ သည်ကိုတွေ့ရပြီး မေးမြန်းရာ သူငယ်ချင်းများနှင့်အတူ ထမင်းဆိုင်၌ ထမင်းမှာစားစဉ် ဆိုင်ရှိ စားပွဲထိုးဖြစ်သူ ကုလား(ခ) ထက်ညီညီ (၁၈) နှစ်နှင့် စန်းမင်းဦး(၂၁) နှစ် တို့နှင့် စကားများပြီး ခိုက်ရန်ဖြစ်ပွားရာ စန်းမင်းဦးတို့က ဓားဖြင့်ခုတ်ခဲ့ကြောင်းသိရသည်။
တူဖြစ်သူကို မှော်ဘီဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားသည်ဆိုကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည််။ မှော်ဘီမြို့မ ရဲစခန်း(ပ) ၁၀၄၈/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်အရေးယူခဲ့ပြီး ကုလား(ခ) ထက်ညီညီနှင့် ျစန်းမင်းဦးတို့အား ဇူလိုင်၂၉ ရက် နံနက် ၁၀ နာရီ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ဂုံညင်းတန်းကျေးရွာမှ ဖမ်းဆီးရမိခဲ့ပြီး သက်သေခံဓားကို သိမ်းဆည်းနိုင်ခဲ့ကာ ဥပဒေနှင့်အညီဆက်လက်အရေးယူထားသည်။

















