ဆီဘောက်ဆာယာဉ် ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ပြီးတစ်ဦးသေဆုံး

ဆီဘောက်ဆာယာဉ် ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ပြီးတစ်ဦးသေဆုံး

ဘုတလင်မြို့နယ်တွင် ရေနံစိမ်းသယ် ဆီဘောက်ဆာယာဉ် ၂ စီးမီးလောင်မှုဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ကျပ်သိန်းငါးရာနီးပါးဆုံးရှုံးခဲ့ကြောင်း ဘုတလင်နယ်မြေရဲစခန်းမှ သိရသည်။

ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် လက်ပံ (မြောက်)ကျေးရွာကွင်းအမှတ် (၁၉၀/က) ဆပ်ပြာကျင်းကွင်းအတွင်းရေနံစိမ်းများ သယ်ဆောင် လာ သည့် ဆီဘောက်ဆာယာဉ် ဝါယာရှောခ့်ဖြစ်ပွားကာ မီးလောင်ကျွမ်းခဲ့သည်။ 


 မီးလောင်မှုဖြစ်ပွားစဉ် ဝါယာရှောခ့်ဖြစ်ပွားသည့် ဆီဘောက်ဆာယာဉ်နှင့်၄င်းယာဉ်အနီး ရပ်ထားသည့် ဆီဘောက်စ်ဆာယာဉ် ၂ စီးတို့ မီးလောင်ကျွမ်းခဲ့ပြီး ကျပ် ၄၉၄ သိန်းဖိုးခန့်ဆုံးရှုံးခဲ့သည်။
 အမျိုးသား (စိစစ်ဆဲ) တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဘုတလင်မြို့မရဲစခန်းမှ ဒုရဲအုပ်ကိုကိုအောင်နှင့် အဖွဲ့ ၏ စစ်ဆေးချက်များအရသိရသည်။ 
ဘုတလင်မြို့မရဲစခန်းက(ပ) ၁၁၅ / ၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅/ ၃၀၄ - က အရ အရေးယူ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။