ကော့သောင်းမြို့နယ်ပုလုံးတုံတုံးရပ်ကွက်တွင်မြေပြိုမှုဖြစ်ပွားရာ ၅ ဦးသေဆုံး
ဇူလိုင် ၃၀ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကော့သောင်းမြို့နယ်ပုလုံးတုံတုံးရပ်ကွက်တွင်မြေပြိုမှုဖြစ်ပွားခဲ့သည်။
မြေပြို၍ လူနေအိမ် ၄ လုံးပြိုကျခဲ့ရာ ကနဦးသတင်းများအရ မိသားစု ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
















