တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ဘုန်းကြီးကျောင်းဝင်းအတွင်း သောက်ရေလာခပ်သည့် အမျိုးသမီးငယ်ကို ရဟန်းတစ်ပါးက သားမယားပြုကျင့်သတ်ဖြတ်ခဲ့ပြီး ၄င်းကိုယ်တိုင် အက်စစ်သောက် သေကြောင်းကြံစည်ခဲ့မှုကို သက်ဆိုင်ရာက ဇူလိုင် ၂၇ ရက်နေ့က ဖမ်းဆီးခဲ့သည်။
ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် ရေဖြူမြို့နယ် သဲချောင်းကျေးရွာ ကင်းတောင် ပဋ္ဌာန်းဓမ္မရိပ်သာကျောင်းဝင်းအတွင်း သောက်ရေသွားခပ်သည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကျောင်းဝင်းအနီးပေ ၆၀ဝ ခန့်တောင်စောင်းတွင် အဓမ္မပြုကျင့်ခံထားရပြီး လည်ပင်းညိုမဲ ဒဏ်ရာများဖြင့်သေဆုံးနေသည်ကို မိသားစုဝင်များက တွေ့ရှိသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့ရာ ကံပေါက်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းမြင့်စံနှင့်အဖွဲ့ကစုံစမ်းစစ်ဆေးခဲ့သည်။
သေဆုံးသူမိန်းကလေးတွင် လည်ပင်းညိုမဲဒဏ်ရာ၊ အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများ နှင့် အသက်ရှုလမ်းကြောင်းလေပြတ်သေဆုံးခြင်းတို့ကြောင့်ဖြစ်ကြောင်းကံပေါက်တိုက်နယ် ဆေးရုံ၏ စစ်ဆေးချက်အရ သိရသည်။ သေဆုံးမှုနှင့်ပတ်သက်၍ ကံပေါက်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းမြင့်စံ က စုံစမ်းစစ်ဆေးခဲ့ရာ ဘုရား တောင်လှေခါး တစ်ဝက်တွင် ပဋ္ဌာန်းဓမ္မရိပ်သာ ကျောင်း တိုက်နေ ရဟန်းဥူးဇင်းစန္ဒာသီရိ ကို တွေ့ရှိ ခဲ့ပြီး ၄င်းက ဒီမှာမရှိ ကြောင်း၊မိုးမရွာခင်ကတည်းက ထိုနေ ရာသို့ရောက်နေပြီး ယခုမိုးဆဲသဖြင့် ပြန် ဆင်းလာကြောင်း အခြားနေရာတွင်သွားရှာရန် ပြောဆိုခဲ့ ကြောင်း ရွာသားများလိုက်လံရှာဖွေစဉ် အဆို ပါ ဘုရားတောင် အနီး တောင်စောင်းတွင် သမီးဖြစ်သူ၏ အလောင်းကိုတွေ့ရှိခဲ့ကြောင်း မိခင်၏ ပြောပြချက်အရ သိရသည်။ ထို့ကြောင့်အမှုဖြင့်မသင်္ကာသူ ကင်းတောင်ပဋ္ဌာန်းဓမ္မရိပ်သာကျောင်းတိုက်နေ ရဟန်းဥူးဇင်း စန္ဒာသီရိ စစ်ဆေးနိုင်ရန် ဆောင်ရွက်နေစဉ် ဥူးဇင်းစန္ဒာသီရိ(ခ) ဦးစိုးလွင်မှာ ဘက်ထရီအိုးအတွင်းမှ အက်စစ်ရေများ သောက်သုံးကာ မိမိကိုယ်ကိုယ်သေကြောင်းကြံစည်နေကြောင်း ရာအိမ်မှူး ဦးကြည်ရင်၏ ပြောပြ ချက်အရ ဒုရဲအုပ် မျိုးမင်းဇော်နှင့်အဖွဲ့က ဇူလိုင် ၂၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဖမ်းဆီးခဲ့ပြီး ဥူးဇင်းစန္ဒာသီရိ(ခ) ဦးစိုးလွင် ကို ကံ ပေါက် တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသသည်။ အမှုဖြင့်ဆက်စပ်မသင်္ကာသူ ဥူးဇင်းစန္ဒာသီရိ(ခ) ဦးစိုးလွင်ကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ ဇူလိုင် ၂၅ ရက် နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်က ကျောင်းဝင်းအတွင်းသို့ ကင်းတောင်ရွာနေ အမျိုးသမီးငယ်မှာ မကြာခဏရေလာခပ်သဖြင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြောင်း၊ အခင်းဖြစ်နေ့ ရေလာခပ်စဉ် ကျောင်းဝင်းအတွင်းမှ သရက်သီးများခူးသွားမည်ပြောသဖြင့် ခူးယူရန်လိုက်ပြခဲ့ကြောင်း၊ ထို့နောက် ဘုရားတောင် ပေါ်သို့ သွားမည်ဟုပြောဆိုပြီး တစ်ယောက်တည်းမသွားရဲကြောင်း ပြောခဲ့သည်ဟု သိရသည်။
ထို့နောက် ဘုန်းကြီးကျောင်းတောင်စောင်းသို့ရောက်ရှိသွားပြီး မှိုခူးသွားမည်ဟုပြောဆိုပြီးနောက် ချုံ ဘက်သို့ရောက်ရှိသွားကြောင်း ချုံ အနီး၄င်းတို့ နှစ်ဦးစကားပြောဆိုပြီးနောက် သားမယားပြုကျင့်ရန် အားထုတ်စဉ် မိန်းကလေးက ငြင်းဆန်ခဲ့ကြောင်း၊ ထိုသို့ ငြင်းဆန်နေရင်းကြားမှပင် သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း ထိုသို့ပြုကျင့်စဉ် လည်ပင်းကို ညစ်မိခဲ့သဖြင့် မိန်းကလေးငယ်မှာ သေဆုံး သွားခဲ့ကြောင်း၊ ကျောင်းသို့ပြန်ရန် လာစဉ် ဘုရားတောင်လှေခါးတစ်ဝက်အရောက် မိန်းကလေးငယ်၏ မိခင်ကိုတွေ့ရပြီး ၊ ဘုရားတောင်ပေါ်တွင် မရှိကြောင်း အခြားနေရာတွင် ရှာရန် လမ်းလွဲခဲ့ကြောင်း ဆိုသည်။
ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် ကင်းတောင်ရွာသားများ လိုက်လံရှာဖွေစဉ် မိန်းကလေး၏ အလောင်း ကို တောင်စောင်းတွင် သေဆုံးလျက်တွေ့ရှိခဲ့ပြီးသက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း၊ ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့်ပတ်သက်၍ ကြောက်စိတ်ဝင်လာခဲ့ပြီး ဘုန်းကြီးကျောင်းပေါ်ရှိ ၄င်းအခန်းအတွင်း ထား ရှိသည့် ဘက်ထရီအိုးအတွင်းမှ အက်စစ်များကို ဖန်ခွက်ထဲသို့ထည့်ကာ နှစ်ငုံ သောက်ခဲ့ပြီး ကျောင်း ထိုင်ဆရာတော်ထံပြစ်မှုကျူးလွန်မိခဲ့ခြင်းသာလျှောက်ထားခဲ့ပြီးမည်သည့်ပြစ်မှုကျူးလွန်ထား ကြောင်း မပြောဆိုခဲ့ဘဲ၊ အခန်းအတွင်းသို့ ပြန်လာစဉ်သွေးအန်ခဲ့ကြောင်း ထိုစဉ် ရဲတပ်ဖွဲ့များရောက်လာပြီး ဖမ်းဆီးခဲ့ကာ ဆေးရုံသို့ပို့အပ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ကံပေါက်နယ်မြေရဲစခန်းက(ပ) ၄၉/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၂၉၂/၃၇၆ တို့ အရ အမှုဖွင့် အရေးယူထားသည်။

















