ကလေးငယ် ၆ ဦးရှိသည့် မိဘနှစ်ဦး နေအိမ်အတွင်း ဆွဲကြိုးချသေဆုံး

ကလေးငယ် ၆ ဦးရှိသည့် မိဘနှစ်ဦး နေအိမ်အတွင်း ဆွဲကြိုးချသေဆုံး

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ နေအိမ်တစ်ခု၌ ကလေးငယ် ၆ ဦးရှိသည့် မိဘနှစ်ဦး ဆွဲကြိုးချသေဆုံးခဲ့မှု ဇူလိုင် ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ ညနေပိုင်းတွင် သိုင်းကုန်းကျေးရွာ ရွာတောင်ပိုင်းလယ်ကွင်းအတွင်းနေထိုင်သူ ကို----(၃၃)နှစ်နှင့် ဇနီးဖြစ်သူ မ-----(၂၈)နှစ်တို့ ၂ ဦးသည် နေအိမ်ထုတ်တန်းတွင် နိုင်လွန်ကြိုးကို အသုံးပြုကာ ဆွဲကြိုးချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။ သေဆုံးသူဇနီးမောင်နှံတွင် အရွယ်မရောက်သေးသူ ကလေးငယ် ၆ ဦးရှိပြီး အိမ်အနီးတွင် နေထိုင်သူက နေအိမ်သို့ သွားရောက်စဉ် လင်မယားနှစ်ဦးဆွဲကြိုးချ သေဆုံးနေသည် ကိုတွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီးသေဆုံးသူများမှာ စီးပွားရေး အဆင်မပြေသဖြင့် ထိုသို့ ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း စုံစမ်းချက်များအရ သိရသည်။ သက်ဆိုင်ရာက သေမှုသေခင်း ၁၀/၁၈ အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။