ကန့်ဘလူမြို့နယ်တွင် လူနာသွေးသွန်သည်ဟုပြောဆိုကာ သားဖွားဆရာမတစ်ဦး၏ နေအိမ်ကို တံခါးခေါက်၍ ဓါးဖြင့်ခုတ်သူကို သက်ဆိုင်ရာက ဇူလိုင် ၂၉ ရက်နေ့ တွင် အမှု ဖွင့်စုံစမ်း လျက်ရှိ သည်။
အဆိုပါနေ့ နံနက် ၂ နာရီ အချိန်ခန့်တွင် ကန့်ဘလူမြို့နယ် ညောင်ဇင်လေးကျေးရွာ ကျေး လက်ကျန်း မာရေးဆရာမဒေါ်ဝါဝါအောင်ဆေးပေးခန်းဝင်းအတွင်းရှိနေအိမ်၌ တစ်ဦးတည်း အိပ်နေစဉ် အမျိုးသား တစ်ဦး(စိစစ်ဆဲ)ရောက်လာပြီး လူနာသွေးသွန်သည်ဟုပြောဆိုပြီးလာပင့်သဖြင့် နေအိမ်တံခါး ကို ဖွင့်ပေးခဲ့သည်။
ထိုသို့ဖွင့်ပေးစဉ် ၎င်းအမျိုးသားက ဒေါ်ဝါဝါအောင် ကိုလည်ပင်းညှစ်ကာ အသင့်ပါလာသည့် ဓားဖြင့် ခုတ်ခဲ့ကာ ထွက်ပြေးသွားခဲ့သည်။
ဓါးဖြင့်ခုတ်ခံရသဖြင့် ဒေါ်ဝါဝါအောင်တွင် ဦးခေါင်းပြတ်ရှ၊ ယာမျက်ခုံးပေါက်ပြဲ ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့ပြီး ဇီးကုန်းဆေးရုံမှတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသရသောကြောင့် အဆိုပါ ပြစ်မှုကျူးလွန်သူကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ဇီးကုန်းနယ်မြေရဲစခန်းက(ပ) ၁၄၉/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၅၂/၃၂၆ အရအမှုဖွင့်စုံစမ်း လျက်ရှိသည်။
















