ဗန်းမောက်မြို့နယ်တွင် နေအိမ်တဲတစ်ခုအတွင်း ဝိုင်းဖွဲ့ထိုင်နေသူ ၅ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့သည်။
ဇူလိုင် ၃၀ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ဗန်းမောက်မြို့ မံထုံရဲကင်း စခန်းမှူး ရဲအုပ်မင်းမော် ၊ မူးယစ်တပ်ဖွဲ့မှ ကျော်နိုင်ဦးနှင့်အဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များသည် လယ်ဦးကျေးရွာ အနီး စိန်အောင်တင်(ခ)ကိုရခိုင်သည် နေအိမ်တဲအတွင်း မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေကြောင်း သက်ဆိုင်ရာက သတင်းရရှိသဖြင့် ဝင်ရောက်ရှာဖွေခဲ့သည်။
အဆိုပါ စိန်အောင်တင်(ခ)ကိုရခိုင်၏နေအိမ်တဲပေါ်တွင် ဟဲချိန်ကျေးရွာနေ စိန်အောင်တင်(ခ)ကိုရခိုင် (၄၇နှစ်)၊ လယ်ဦးရွာနေ ဖိုးထွန်း (၃၈နှစ်)၊ ဆည်ရွာကျေးရွာနေ စန်းဝင်း (၅၁ နှစ်) ၊ ရဲမင်းဇော်(ခ)အောင်ဖိတ် (၂၆ နှစ်) ၊ လှဦး(၄၈နှစ်)တို့ ဝိုင်းဖွဲ့ထိုင်နေသည်ကိုတွေ့ရှိခဲ့သည်။ ၄င်းတို့ ၅ ဦးနှင့်အတူ မူးယစ်ဆေးဝါးဟုယူဆရသည့် ဖြူဝါစပ်ကြားမှုန် ့စုစုပေါင်းအလေးချိန် ၃ ဒသမ ၇၁ ဂရမ်ခန် ့ ကာလတန်ဖိုး ၃၇၁၀ဝ၀ ကျပ်၊ဘိမ်းမဲ ၁၀၃ ဂရမ် ခန် ့ ကာလတန်ဖိုး ၃၀၉၀ဝ ကျပ်၊ WY ဆေးပြား ၁၃၈ ပြား ၊ ကျပ် ၁၇၄၂၀ဝ တို ့ကို သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင် ကြားခဲ့သည်။
ဗန်းမောက်မြို့မရဲစခန်းက မယ( ပ ) ၆၄/ ၁၈ မူး/စိတ် ပုဒ်မ ၁၉ ( က)/ ၂၀ ( က)/၂၁ အရ အမှုဖွင့် အရေးယူထားသည်။

















