ရွှေပေါက္ကံမြို့သစ်တွင် အသက် ၆ လအရွယ် ကလေးငယ်တစ်ဦး ကြမ်းခင်းပေါက်မှ ရေအိုင် အတွင်း ပြုတ်ကျသေဆုံးခဲ့မှု ဇူလိုင် ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၈ နာရီ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်ဆေးရုံတွင် အသက် ၆ လအရွယ် ကလေးငယ်တစ်ဦးသေဆုံးရောက်ရှိနေကြောင်းသတင်းအရ ရွှေပေါက္ကံနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းထွန်းနှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ အသက် ၆ လအရွယ် ယောကျာ်းလေးဖြစ်ပြီး ည ၇ နာရီ အချိန်ခန့်က အသက်၁၉ နှစ်အရွယ် မိခင်ဖြစ်သူက ကလေးငယ်နှင့်အတူ အိပ်နေစဉ် ကလေးငယ်မှာ ဝါးကြမ်းခင်းအပေါက်မှ အောက်သို့ပြုတ်ကျနေသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကလေးငယ်မှာကြမ်းခင်းအောက် ရေအနက် ၂ ပေ ရှိရေအိုင်အတွင်း ပြုတ်ကျသေဆုံးနေ သည်ကို တွေ့ရသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အလောင်းကို ဆေး ရုံက ပီအာရ် ၃၂ ဖြင့် လက်ခံထားပြီး ရွှေပေါက္ကံနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၂/၁၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
















