ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု စာရင်း ပြုလုပ်သူများထံမှ ငွေကြေးနှင့်လက်ဆောင်ပစ္စည်းများ တောင်းခံခြင်း၊ ဦးစီးအရာရှိရုံးခန်း အတွင်းရှိ အလှု ခံပုံးအတွင်းသို့အလှူငွေများထည့်ဝင်ခိုင်းခြင်းတို့ပြုလုပ်ခဲ့သည်ဆိုမှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ဦစီးအရာရှိ ဦးဇော်မိုး ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့ သြဂုတ် ၁ ရက်နေ့တွင် အမှုဖွင့် ခဲ့သည်။
အဂတိလိုက်စားမှုတိ်ုက်ဖျက်ရေးကော်မရှင်က လက်ခံရရှိသည့် တိုင်ကြားစာအရ စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပြီး လဝက ဦးစီးအရာရှိ ဦးဇော်မိုးကို ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ မိုးညိုရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။ စုံစမ်းပေါ်ပေါက်ချက်တွင်၄င်းသည် မိုးညိုမြို့နယ်လဝက ဦးစီးမှူးအဖြစ် တာဝန် ထမ်းဆောင်စဉ် အတွင် းလုပ်ပိုင် ခွင့်ရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ငွေကျပ် ၆၀ဝ၀ဝ ကိုလည်းကောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားပြုလုပ်သူတို့ထံမှ ငွေကျပ် ၆၀ဝ၀ဝ နှင့် ၁၉၀ဝ၀ တန် အရက် (၁)ပုလင်းကိုလည်းကောင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူလျှောက်ထားသူထံမှ ငွေကျပ် ၂၀ဝ၀ဝ ကိုလည်းကောင်း၊ စုစုပေါင်း ငွေကျပ် ၁၄၀ဝ၀ဝ နှင့်၁၉၀ဝ၀ တန်အရက်(၁)ပုလင်းကို တောင်းခံရယူခြင်းဖြင့် အဂတိလိုက်စားမှုကို ကျူး လွန်ခဲ့ခြင်းဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့ပြင်ကျေးရွာနယ်မြေခံသတင်းများအရ ငွေကြေးမရလျှင် အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲ၍ လုပ်ငန်းဆောင်ရွက်မပေးဘဲငွေကြေးပေးမှသာဆောင် ရွက်ပေးလေ့ရှိကြောင်း စုံစမ်းစစ်ဆေးပေါ်ပေါက်ခဲ့ ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သည်။
















