လမ်းသွားနေသူများထံမှလက်ကိုင်ဖုန်းနှိုက်ယူမှုကျူးလွန်ခဲ့သည်ဆိုသူ ၂ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာက လက်ကိုင်ဖုန်းနှိုက်ယူမှု ၆ မှုပေါ်ပေါက်ခဲ့ကြောင်း သြဂုတ် ၂ ရက်တွင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အမျိုးသားတစ်ဦးသည် အလုပ်ကိစ္စဖြင့် ကျောက်တံတားမြို့ နယ်သို့အလုပ်ကိစ္စဖြင့်လာရောက်စဉ် ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း ပန်းဘဲတန်းမြို့နယ်ဘက် သို့ လမ်းလျှောက်ခဲ့သည်။ ထို့နောက်ဂျန်းရှင်းစီးတီး(၄)လွှာသို့အရောက်၎င်းလွယ်ထားသည့်ကျောပိုးအိတ်ဇစ်ပွင့်နေသဖြင့် စစ်ဆေးကြည့်ရာ iPhone 7 လက်ကိုင်ဖုန်း ပျောက်ဆုံးနေသည်ကိုတွေ့ရသဖြင့် တိုင်ကြားရာ ပန်းဘဲ တန်းမြို့မရဲစခန်း (ပ)၁၇၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)အရ အမှုဖွင့် စုံစမ်းခဲ့သည်။
ရဲတပ်ဖွဲ့ကလက်ကိုင်ဖုန်းနှိုက်ယူမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ ဒလမြို့ နယ်နေ ဇင်မင်းထက် (ခ) ဗလကြီး (၂၁ နှစ်) မှာ လက်ကိုင်ဖုန်းနှိုက်ယူမှုကျူးလွန်ထားကြောင်း သတင်းအရ ဇူလိုင် ၂၇ ရက် မွန်းလွဲ ၁ နာရီ အချိန်တွင် ဒလမြို့နယ် သမ္မတကမ်းခြေလမ်းပေါ်မှဖမ်း ဆီးခဲ့သည်။
၄င်းကို စစ်မေးချက်အရ ပန်းဘဲတန်းမြို့နယ်ရဲစခန်းတွင်တိုင်ကြားထားသည့်(ပ)၁၇၆/၁၈၊ ပုဒ်မ ၃၇၉ အမှုကိုကျူးလွန်ထားကြောင်းနှင့် အဆိုပါလက်ကိုင်ဖုန်းကိုရောင်းချထားကြောင်းပေါ်ပေါက်ခဲ့သည်။
၄င်းကို အခြားအမှုများကျူးလွန်ထားခြင်းရှိမရှိ ဆက်လက်စုံစမ်းခဲ့ရာ မေလနှင့် ဇွန်လများ အတွင်းက သက်ဆိုင်ရာက ဖမ်းဆီးထားသူ ကျော်ထွန်းအောင် နှင့်အတူ ဗိုလ်ချုပ်အောင် ဆန်းလမ်းမပေါ် ဗိုလ် ဆွန်ပက်လမ်းထိပ်နှင့် (၂၈)လမ်းကြား သွား လော နေသူ အမျိုးသားတစ်ဦး၏ ကျောပိုး အိတ် အတွင်းမှiPhone 5s တစ်လုံးအားလည်းကောင်း၊ ပန်းဘဲတန်းမြို့နယ်၊သိမ်ကြီးဈေး(စီ)ရုံ၊ အပြင် ဘက်တွင်သွားလာနေသူအမျိုးသမီးတစ်ဦးလွယ်ထားသည့်ကျောပိုးအိတ်အတွင်းကOppoF5ဖုန်းနှင့်အမျိုးသားတစ်ဦးလွယ်ထားသည့်ကျောပိုးအိတ်အတွင်းမှ Mi Note 4 လက်ကိုင် ဖုန်းတစ်လုံးအား လည်းကောင်း၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလမ်း မပေါ် ၂၅ လမ်းနှင့် ဗိုလ်ဆွန် ပက်လမ်းကြား တွင် သွားလာ နေသော အမျိုးသားတစ်ဦးလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ Mi 4C လက်ကိုင်ဖုန်း၊ နောက်အမျိုးသား တစ်ဦး၏ ကျောပိုးအိတ်အတွင်းမှပင် Nokia 6လက်ကိုင်ဖုန်းတို့အား လည်းကောင်း အသီးသီးနှိုက်ယူရောင်းချထား ကြောင်း ပေါ်ပေါက်ခဲ့သည်။
၄င်းတို့နှိုက်ယူခဲ့သည့် လက်ကိုင်ဖုန်းများကို ရောင်းချထားသည့် နေရာများမှပြန်လည် သိမ်းဆည်းခဲ့ပြီး အမှုများအသီးသီးရေးဖွင့်ကာ သက်ဆိုင်ရာက ဆက်လက်အရေးယူထားသည်။

















