ဒဂုံတက္ကသိုလ်ဝင်းအတွင်း ဆိုင်ကယ်ဖြင့်လုယုယက်မှုကျူးလွန်သူ ၃ ဦးဖမ်းမိ

ဒဂုံတက္ကသိုလ်ဝင်းအတွင်း ဆိုင်ကယ်ဖြင့်လုယုယက်မှုကျူးလွန်သူ ၃ ဦးဖမ်းမိ

ဒဂုံတက္ကသိုလ်ဝင်းအတွင်း လမ်းလျှောက်လာသူ ကျောင်းသူတစ်ဦးထံမှ လက်ကိုင်ဖုန်းကို ဆိုင်ကယ်ဖြင့် လုယူ ခဲ့သည်ဆိုသူ ၃ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးဖော်ထုတ်ခဲ့ကြောင်း ဒဂုံမြို့သစ် (အရှေ့)မြို့မရဲစခန်းက သြဂုတ် ၅ ရက်က သိရသည်။

သြဂုတ် ၄ ရက်နေ့ နံနက် ၁၀ နာရီ နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်နေ  အဝေးသင် တက္ကသိုလ် ကျောင်းသူတစ်ဦး သည် ဒဂုံတက္ကသိုလ်မှ နေအိမ်သို့ပြန်ရန် သူငယ်ချင်းနှင့်အတူ ကျောင်းဝင်းအတွင်း ဗိုလ်မှူးဗထူးလမ်းအတိုင်းလမ်းလျှောက်လာစဉ် အမျိုးသား(၃)ဦး မောင်းနှင်စီးနင်းမောင်းနှင်လာသည့်ဆိုင်ကယ်စီးက ၎င်းလက်တွင်ကိုင်ထားသည့် လက်ကိုင်ဖုန်းကို လုယူမောင်းနှင်ထွက်ပြေးသွားခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့)မြို့မရဲစခန်းက (ပ)၈၉၈/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်ခဲ့သည်။

သက်ဆိုင်ရာက ညနေ ၆ နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ ယောမင်းကြီးလမ်း၊ အခြေခံပညာအထက်တန်းကျောင်းရှေ့လမ်းမပေါ်တွင် လူငယ် (၃)ဦး ဆိုင်ကယ်စီးနင်း လာသည်ကို မသင်္ကာဖွယ်တွေ့ရသဖြင့် ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့စဉ် ဒဂုံမြို့သစ်(အရှေ့)မြို့မရဲစခန်းက (ပ)၈၉၈/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရစုံစမ်းနေသည့် အမှုကို  ၎င်းတို့ ကျူးလွန်ခဲ့ကြောင်း၊ အခင်ဖြစ်ချိန်က ဆိုင်ကယ်ကို  ရဲမင်းပိုင် (ခ)မှုံကြီးက  မောင်းနှင်းပြီး ကျန် ၂ နှစ်ဦးက နောက်မှလိုက်ပါခဲ့ကာ လမ်းလျှောက်နေသူ အမျိုးသမီးထံမှ လက်ကိုင်ဖုန်းကို လုယူခဲ့ခြင်းဖြစ်ကြောင်း  ပေါ်ပေါက်ခဲ့သည်။

လုယူရရှိသည့် လက်ကိုင်ဖုန်းအား ရဲမင်းပိုင်(ခ)မှုံကြီးနေအိမ်မှ သက်ဆိုင်ရာက သိမ်းဆည်းကာအခြားလုယူမှုများကျူးလွန်ထားခြင်းရှိမရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့မရဲစခန်းမှစုံစမ်းသိရသည်။