အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပ လျက်ရှိသည့် အာဆီယံယူ-၁၆ အမျိုးသားချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲ အုပ်စု(က)ပွဲစဉ်တစ်ပွဲအဖြစ် မြန်မာနှင့် ကမ္ဘောဒီးယားအသင်း တို့သည် သြဂုတ် ၄ ရက်က ဆူရာ ဘာယားရှိ Delta Sidoarjoကွင်း၌ယှဉ်ပြိုင်ခဲ့ရာ လေးဂိုးတစ်ဂိုး ဖြင့် မြန်မာအသင်းအနိုင်ရခဲ့သည်။
မြန်မာအသင်းသည် ပွဲစသည် နှင့် ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့်ကမ္ဘောဒီးယားအသင်းဘက်ကို ဖိကစားခဲ့သော် လည်း ပွဲချိန် ၄၃ မိနစ်၌ ကမ္ဘောဒီးယား၏ဦးဆောင်ဂိုးသွင်းယူမှုခံရပြီး နောက်မှလိုက် ကစားခဲ့ရသည်။ ဒုတိယပိုင်းတွင် မြန်မာ အသင်းက ချေပဂိုးနှင့်အနိုင်ဂိုးများကို ဆက် တိုက်သွင်းယူပြီး ပွဲအပြီး၌ လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းအတွက်ဂိုးများ ကို ခွန်ကျော်ဇင်ဟိန်း၊ နိုင်ထွေး၊ နောင်နောင်စိုးနှင့် လမင်းထွေးတို့က သွင်းယူပေးခဲ့သည်။
မြန်မာအသင်းသည် အုပ်စုတွင်းလေးပွဲ ကစားပြီးရာ၌ သုံးပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ဗီယက် နမ်အသင်းထက် ဂိုးကွာခြားချက်အသာရကာ အုပ်စု ဒုတိယနေရာ၌ ရပ်တည်လျက်ရှိပြီး အုပ်စုထိပ်ဆုံး၌ အိမ်ရှင်အင်ဒိုနီးရှားအသင်း ရပ်တည်လျက်ရှိသည်။ အုပ်စု(က)နောက်ဆုံး ပွဲစဉ်များကို သြဂုတ် ၆ ရက်တွင် ယှဉ်ပြိုင်မည် ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် မြန်မာနှင့်ဗီယက်နမ်အသင်း ယှဉ်ပြိုင်မည်ဖြစ် သည်။ မြန်မာအသင်းမှာ ယင်းပွဲစဉ်တွင် သရေ ကစားရုံဖြင့် ဆီမီးဖိုင်နယ်သို့ တက်မည်ဖြစ် သည်။















