ညောင်လေးပင်မြို့နယ်တွင် လမ်းကြိတ်စက်ကြိတ်မိသဖြင့် လမ်းပြင်အလုပ်သမားတစ်ဦးသေဆုံးခဲ့မှု သြဂုတ် ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နံနက် (၁၁) နာရီအချိန်တွင် ညောင်လေးပင်မြို့နယ် ရန်ကုန် မန္တလေး ကားလမ်း ထော်နွတ်ကျေးရွာအနီး မိုင်တိုင်အမှတ် (၁၀၅ / ၆ နှင့် ၇ )အကြား ၌ လမ်းပြင်အလုပ်သမားတစ်ဦး လမ်းကြိတ်စက်ကြိတ်မိသဖြင့် လူသေဆုံးကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက် စစ်ဆေး ခဲ့သည်။
သေဆုံးသူမှာ ကျောက်တံခါးမြို့နယ် ကွင်းအနောက်ကျေးရွာနေ မမြင့်ဇွန်မွန်(ခ)လုံးတင်မ (၁၉)နှစ် ဖြစ်ပြီး လမ်းအလုပ်သမား (၁၂)ဦးတို့နှင့်အတူလမ်းအပေါက်များကိုဖာထေးပြင်ခဲ့သည်။ထိုစဉ် ကျောက်များ သိပ်သည်းစေရန်အတွက်ယာဉ်မောင်း ဟိန်းစည်သူ(ခ)ကိုဟိန်း (၂၅)နှစ်က လမ်းကြိတ် က်ဖြင့်ဖာထေးထားသည့်အပေါက်များအားကြိတ်နေစဉ် မမြင့်ဇွန်မွန်(ခ)လုံးတင်မ မှာ အပေါက်ဖာ ထားသည့်နေရာတွင် ကျန်နေခဲ့ပြီး လမ်းကြိတ်စက်ဖြင့် ကြိတ်မိခဲ့သည်။
ထိုသို့ကြိတ်မိသဖြင့် ဦးခေါင်းခွံကွဲ၍ ဦးနှောက်ပွင့်ထွက်ဒဏ်ရာ၊ ဝဲဘက်ခြေကျင်းဝတ်အတွင်း ဆုတ်ပြဲ ဒဏ်ရာများရရှိကာနေရာတွင်သေဆုံးခဲ့သောကြောင့်လမ်းကြိတ်စက်မောင်းနှင်သူကိုအရေးယူ ပေးရန် တိုင်ကြားခဲ့သည်။
ပိန်းဇလုပ်နယ်မြေရဲစခန်းကယာဉ်(ပ)၁၇/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ထားသည်။
















