လှိုင်မြို့နယ်တွင် စက်ဘီးစီးလာသူထံမှ ဆွဲကြိုးကို ဆိုင်ကယ်ဖြင့် ဆွဲဖြတ်လုယူသူ ၂ ဦးကို ဖော်ထုတ်

လှိုင်မြို့နယ်တွင် စက်ဘီးစီးလာသူထံမှ ဆွဲကြိုးကို ဆိုင်ကယ်ဖြင့် ဆွဲဖြတ်လုယူသူ ၂ ဦးကို ဖော်ထုတ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ဗဟိုလမ်းနှင့် ပါရမီလမ်းထောင့်မီးပွိုင့်အနီး စက်ဘီးနောက်ထိုင်စီးလာသူ အမျိုးသမီးထံမှ ရွှေဆွဲကြိုးကိုဆိုင်ကယ်ဖြင့် ဆွဲဖြတ်လုယူခဲ့သူ ၂ ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ်နယ်ရဲစခန်းက ခိုးမှုဖြင့် ဖမ်းဆီးထားသူ ၂ ဦးကို အနောက်ပိုင်း ခရိုင်မှုခင်းနှိမ်နင်း ရေးဌာန စုမှ တပ်ဖွဲ့ဝင်များက သြဂုတ်၅ ရက်တွင် ခေါ်ယူစစ်ဆေးခဲ့ရာမှ လုယက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ခိုးမှုကျူးလွန်ခဲ့သည့် လှိုင်သာယာ မြို့နယ်နေ အောင်ကိုကို(ခ)ဘာဘူ၊ (၂၆)နှစ် နှင့် သူရအောင် (ခ)အငယ်ကောင်၊ (၂၂)နှစ်တို့ နှစ်ဦးကို အခြားအမှုများ ကျူးလွန်ထားခြင်းရှိ မရှိ တိုက် ဆိုင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 
၄င်းတို့ ၂ ဦးကို စစ်ဆေးချက်များအရ ဇူလိုင် ၃၀ ရက်က ဗဟိုလမ်းနှင့် ပါရမီလမ်းထောင့်မီးပွိုင့်အနီး ရွှေဆွဲကြိုးကို လုယူခဲ့ခြင်းဖြစ်သည်။ 
အဆိုပါ ရွှေဆွဲကြိုးကို အောင်ကိုကို(ခ)ဘာဘူ၏ဇနီး မမြင့်မြင့်ခိုင် (ခ)ဂျင်မီလာက ရောင်းချပေးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ သက်ဆိုင်ရာက ၄င်းတို့လုယူခဲ့သည့် ရွှေဆွဲကြိုးကို ရောင်းချပေးသည့် မမြင့်မြင့်ခိုင် (ခ)ဂျင်မီလာ ကို ဖမ်းဆီးခဲ့ပြီး သက်သေခံရွှေဆွဲကြိုးကို ရောင်းချထား သည့် နေရာမှပြန်လည်သိမ်းဆည်းခဲ့ကာ ဆက် လက် အမှုဖွင့်အရေးယူထားသည်။