ဖောက်ခွဲရေးသုံးပစ္စည်း ဒီတိုနေတာ အတောင့် သုံးသောင်း ချင်းပြည်နယ်တွင် ဖမ်းမိ

ဖောက်ခွဲရေးသုံးပစ္စည်း ဒီတိုနေတာ အတောင့် သုံးသောင်း ချင်းပြည်နယ်တွင် ဖမ်းမိ

ချင်းပြည်နယ် ရိခေါဒါရ်မြို့အဝင်တွင် ဆိုင်ကယ် ၂ စီးဖြင့် သယ်ဆောင်လာသည့် ဖောက်ခွဲရေးသုံးပစ္စည်း ဒီတိုနေတာ အတောင့် သုံးသောင်း (၃၀ဝ၀ဝ) ကို နယ်မြေခံရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၅ ရက်တွင် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ရိခေါဒါရ်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ် မောင်အောင်နှင့်အဖွဲ့က သြဂုတ် ၄ ရက် ည ၁၀ နာရီ အချိန်ခန့်တွင် ရိ-ဖလမ်း ကားလမ်း မြို့အဝင်ဆိုင်းဘုတ် အနီး၌ ရိခေါဒါရ်မြို့ဘက်မှ မောင်းနှင်လာသော မောင်လားအဲဗဲလာ (၃၀ နှစ်)နှင့် မောင်လားမားလ်ဆောမ်မာ (၂၇ နှစ်)တို့ မောင်းနှင်သည့် ဆိုင်ကယ်နှစ်စီးကိုမသင်္ကာ၍ စစ်ဆးခဲ့သည်။ 
အဆိုပါဆိုင်ကယ် ၂ စီးပေါ်တွင် ပီနံအိတ်ဖြင့် ထုပ်ထားသည့် အထုပ်(၃)ထုပ် အတွင်းမှ Special Ordinary Detonator (SOD) စာတမ်းပါ တစ်ဗူးလျှင် ဒီတိုနေတာ ၁၀ဝ တောင့်စီပါသော ဗူး ၃၀ဝ စုစုပေါင်း အတောင့် ၃၀ဝ၀ဝ ကို သိမ်းဆည်းရမိခဲ့သည်။ 
၄င်းတို့ ၂ ဦးကို အရေးယူပေးရန် ဒုရဲအုပ် တင်ထွန်းနောင်မှ အမှုဖွင့်တိုင်ကြားခဲ့သည်။ ရိခေါဒါရ်နယ်မြေရဲစခန်းက (ပ) ၄ /၂၀၁၈၊ ပေါက်ကွဲ - ၅ အရ အမှုဖွင့်အရေးယူထားသည်။
ပြစ်မှုကျူးလွန်သူများက အဆိုပါ ဖောက်ခွဲရေးသုံးပစ္စည်း ဒီတိုနေတာများကို မည်သည့်နေရာတွင် အသုံးပြုရန် သယ်ဆောင်လာသည်ကိုမူ သက်ဆိုင်ရာက ထုတ်ပြန်ထားခြင်း မရှိသေးပေ။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး