အဲရစ်ကိုခေါ်ရန် ဆုံးဖြတ်ခဲ့ချိန်၌ အိမ်နီးချင်းနိုင်ငံများ၏အပြုသဘောဆောင် ဝေဖန်ထောက်ပြမှုကြုံဆုံခဲ့ရဟု ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ပြောဆို

အဲရစ်ကိုခေါ်ရန် ဆုံးဖြတ်ခဲ့ချိန်၌ အိမ်နီးချင်းနိုင်ငံများ၏အပြုသဘောဆောင် ဝေဖန်ထောက်ပြမှုကြုံဆုံခဲ့ရဟု ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ပြောဆို

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာရာထူးနေရာတွင် ဘယ်လ်ဂျီယံ ရွှေရောင်မျိုးဆက်အား မွေးထုတ်ပေးခဲ့သည့် အဲရစ်အပ်ရန်ကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့ချိန်၌ အိမ်နီးချင်းနိုင်ငံများ၏ အပြုသဘောဆောင် သည့်ဝေဖန်ထောက်ပြမှုများ ကြုံတွေ့ခဲ့ရသည် ဟု ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ကမ်းလှမ်းခဲ့

မြန်မာ့ဘောလုံးလောက ရေရှည်တိုးတက် စေရန် စီမံဆောင်ရွက်ရာ၌ နည်းစနစ်ဌာနသည် အရေးကြီးဆုံးဖြစ်၍ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သည့် ဘယ်လ်ဂျီယံနိုင်ငံသား အဲရစ် အပ်ရန်ကို ကနဦးနှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကမ်းလှမ်း ခဲ့သည်။ ၎င်းသည် စာချုပ်ချုပ်ဆိုရန်အတွက် မြန်မာနိုင်ငံသို့ စက်တင်ဘာတွင်ရောက်ရှိမည် ဖြစ်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့နိုင်ငံအနေအထားနဲ့ ဘယ်လ် ဂျီယံနည်းစနစ်ဒါရိုက်တာကို ဘာလို့ငှားတာလဲ၊ ငွေကြေးအများကြီးပေးရမယ်ဆိုပြီး အိမ်နီးချင်း နိုင်ငံတွေရဲ့ အပြုသဘောဆောင်တဲ့ ဝေဖန် မှုနဲ့ ကြုံရတယ်။ ကျွန်တော်တို့ ဘောလုံးအနာ ဂတ်အတွက် ခုကတည်းက နည်းစနစ်ကျွမ်းကျင် နားလည်တဲ့သူနဲ့ စနစ်တကျတည်ဆောက်မှ မျှော်လင့်ချက်ရှိမှာဖြစ်လို့ ခေါ်ယူခဲ့တာပါ။

သူ့လက်ထက်မှာ ဘယ်လ်ဂျီယံက အများကြီး အောင်မြင်ခဲ့တယ်။ သူ့နည်းစနစ်ဒါရိုက်တာ လုပ်ခဲ့တဲ့အချိန်မှာ သြစတြေးလျအသင်းက ရုရှားကမ္ဘာ့ဖလားအောင်ခဲ့တယ်"ဟု ဦးဇော် ဇော်က ပြောဆိုခဲ့သည်။

မွေးထုတ်ပေးခဲ့

သြစတြေးလျဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာအဖြစ် နောက်ဆုံးတာဝန်ယူခဲ့သည့် အဲရစ်သည် သြစတြေးလျအသင်းကို ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် ကူညီပေး နိုင်ခဲ့သူဖြစ်သည်။ ထို့ပြင် ၎င်းသည် ၂၀ဝ၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဘယ်လ်ဂျီယံယူ--၁၅ နှင့် ယူ--၁၇ လက်ရွေးစင်အသင်းနည်းပြချုပ် အဖြစ် တာဝန်ယူခဲ့ဖူးပြီး ဘယ်လ်ဂျီယံအသင်း ၏ရွှေရောင်မျိုးဆက်သစ် ကစားသမားများ ဖြစ်သည့် အီဒင်ဟာဇက်၊ လူကာကူ၊ ဒီဘရိုင်း၊ ကွန်ပနီ၊ ကော်တို့စ် စသည့်ကစားသမားများကိုမွေးထုတ်ပေးခဲ့သူဖြစ်သည်။



ဖတ်ရှုမှုအများဆုံး