အရှေ့တောင်အာရှ ဗိုဗီနမ်ပြိုင်ပွဲ ယနေ့ကျင်းပမည်
မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် (၅)ကြိမ်မြောက်အရှေ့တောင်အာရှ ဗိုဗီ နမ်ချန်ပီယံရှစ်ပြိုင်ပွဲကို သြဂုတ် ၇ ရက် (ယနေ့) မှ ၁၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(က)တွင် ကျင်းပမည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် အရှေ့တီမောစသည့် စုစုပေါင်းရှစ်နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။
ပြိုင်ပွဲတွင် တစ်ဦးချင်းအတိုက်ပြိုင်ပွဲများ၊ တစ်ကိုယ်တော်နှင့် အသင်းလိုက်အပြပြိုင်ပွဲများ ကို ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ် (၃၀) ကို ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ မြန်မာ ဗိုဗီနမ်အသင်းသည် ပြိုင်ပွဲတွင်အောင်မြင်မှု ရရန်အတွက် မေ ၂၂ ရက်ကတည်းက နေပြည် တော်၌ စခန်းသွင်းလေ့ကျင့်ခဲ့သည်။














