မင်္ဂလာတောင်ညွန့်မြို့နယ် ၁၀၈ လမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ၁၀၈ လမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့် ၅ လွှာတွင် သြဂုတ် ၇ ရက် မွန်းလွဲ ၂ နာရီ မိနစ်၂၀ အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားပြီး နေ့လည် ၂ နာရီ မိနစ်၄၀ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုအကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးတို့ကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိ ကြောင်း ကနဦး သိရသည်။
















