အောင်ရဲထွေးသေဆုံးမှုမှလွတ်မြောက်ခဲ့သူ ၃ ဦး ရာဇဝတ်ပြင်ဆင်မှု စစ်ဆေးနိုင်ရန် တိုင်းတရားလွတ်တော်သို့ ယနေ့သတင်းပို့

အောင်ရဲထွေးသေဆုံးမှုမှလွတ်မြောက်ခဲ့သူ ၃ ဦး ရာဇဝတ်ပြင်ဆင်မှု စစ်ဆေးနိုင်ရန် တိုင်းတရားလွတ်တော်သို့ ယနေ့သတင်းပို့

ဟာသ သရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုဖြင့် တိုင်းဥပဒေချုပ်ရုံး၏ ရာဇဝတ်ပြင်ဆင်လျှောက်ထားခဲ့မှုတွင် အမှုမှလွတ်မြောက်ခဲ့သူ ၃ ဦးတို့က သမ္မန်စာအတည်ဖြစ်သဖြင့် ယနေ့ သြဂုတ် ၇ ရက်တွင် တိုင်းဒေသကြီး တရားလွှတ်တော်သို့ သတင်းပို့ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၅ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ က အရ အမှုမှ လွှတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ ရန်ုကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ဇူလိုင် ၃၀ ရက်တွင် ရာဇဝတ် ပြင်ဆင်မှုတင်သွင်းခဲ့သည်။

လူသတ်မှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ၃ ဦးကို သက်သေခံချက်အားနည်းသည်ဆိုကာ တရားရုံးက လွှတ်ပေးခဲ့ရာ တရားစီရင်ရေးလောကတွင်ဝေဖန်မှုများစွာပေါ်ထွက်လာခဲ့ခြင်းကြောင့်  နိုင်ငံတော်ကိုယ်စားတိုင်းဥပဒေရုံးကရာဇဝတ်မှုပြင်ဆင်မှုအမှတ်၂၉၆(ခ)/၁၈ ဖြင့် ဇူလိုင် ၃၀ ရက်တွင်ပြင်ဆင်မှုလျှောက်ထားခဲ့ပြီး တိုင်းလွှတ်တော်တရားသူကြီး (၇) ဦးအောင်နိုင် က အမှုကို လက်ခံ ကြောင်း အမိန့်ချမှတ်ခဲ့သည်။

“ အမှုတွဲပါလိပ်စာ မှန်ကန်ခြင်းကြောင့် ပေးပို့ခဲ့သည့် သမ္မန်စာ အတည်ဖြစ်ခဲ့ကာ ပြန်လည်စိစစ်ရန် လွတ်မြောက်သူ သန်းထွဋ်အောင် (ခ)သားကြီး၊ ကျော်ဇောဟန်(ခ) ကျော်ဇောနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေး တို့ ၃ ဦးက  ယနေ့ တိုင်းဒေသကြီးတရားလွှတ်တော်သို့ သတင်းပို့ခဲ့ခြင်းဖြစ်ကြောင်း"  ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ပြန်ကြားရေးအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက မီဒီယာများကို ပြောကြားခဲ့သည်။

ဟာသသရုပ်ဆောင်အောင်ရဲထွေး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ စစ်ဆေးခဲ့ပြီးသည့် သက်သေ ၁၄ ဦး၏ သက်သေခံချက်များအားနည်းခြင်း၊ သေဆုံးသူ၏ မိသားစုဝင်များက အမှုကို ဆက်လက် ဆောင် ရွက် ရန် ဆန္ဒမရှိခြင်းတို့ကြောင့် ဆိုကာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ က အရ  စွဲချက်မတင်မီ အမှုမှ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၄င်းတို့၏ အကျိုးဆောင်ရှေ့နေ ဦးချစ်ကိုကိုက ပြောကြားခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ဂ) အရ ကျော်စောသတင်းအဖြစ်သတ်မှတ်ခဲ့ပြီး ၄င်းဥပဒေပုဒ်မ ၁၇(ဈ) အရ ကော်မရှင်သို့ သတင်းပေးပို့ချက်အဖြစ် အတည်ပြုသတ်မှတ်ကာ သင်္ကာမကင်းဖွယ်ရာဖြစ်ခြင်းအတွက် ခိုင်လုံသည့် အထောက်အထား ရှိနိုင် သည်ဟုယုံကြည်ရန်အကြောင်းပေါ်ပေါက်သဖြင့်စစ်ဆေးသွား                 မည်ဖြစ်ကြောင်းကော်မရှင်က ထုတ်ပြန်ခဲ့သည်။
" အမှုကြားနာမယ့်နေ့ရက်ကို တိုင်းတရားလွှတ်တော် တရားစီရင်ရေးဌာနခွဲ လူမှုကွန်ရက်စာမျက်နှာနဲ့ တိုင်းတရားလွှတ်တော်ရှေ့ ကြော်ငြာသင်ပုန်းတို့မှာ သုံးပတ်ကြိုပြီး တော့ကြေညာသွားမှာပါ။ ကြားနာမယ့်ရက်မှာ နိုင်ငံတော်ဘက်က တိုင်းဥပဒေနဲ့ သူတို့ဘက်က ရှေ့နေက လျှောက် လဲချက် ပေးပြီး အမိန့်ချသွားမှာပါ" ဟု ဒေါ်နွဲ့နွဲ့ဦးက သတင်းမီဒီယာများကိုပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး