ရေကြည်မြို့နယ်တွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၁၁ ဦးကို လဝကသို့ အပ်နှံ

ရေကြည်မြို့နယ်တွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၁၁ ဦးကို လဝကသို့ အပ်နှံ

ဧရာဝတီတိုင်းဒေသကြီးရေကြည်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ ၁၁ ဦးကို ရေကြည့်မြို့နယ် လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနသို့လွှဲပြောင်းပေးခဲ့ကြောင်း ကုန်းပြင်နယ်မြေရဲစခန်းမှ သိရသည်။

သြဂုတ် ၅ ရက်ည ၁၀ နာရီခွဲအချိန်ခန့်တွင် ရေကြည်မြို့နယ် ငါးသိုင်းချောင်း-ဂွ ကားလမ်းမကြီးပေါ်တွင် ကားတစ်စီးမှ ဆိုင်ကယ်တစ်စီးကို တိုက်မိထွက်ပြေးသွားကြောင်း ဂွမြို့ ဗေဒါစစ်ဆေး ရေးဂိတ်မှ တပ်ဖွဲ့ဝင်များက အကြောင်းကြားခဲ့သည်။ 
ထိုသို့အကြောင်းကြားစဉ်  ရေကြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဖြူဝင်းနှင့်အဖွဲ့က သတင်းရရှိခဲ့သောကြောင့် မိုင်တိုင်အမှတ် (၁၉/၂နှင့်၃)၌ ယာဉ်တိုက်မှုဖြစ်ပွားထားကြောင်းယူဆရသည့်  crown ခဲရောင်ယာဉ်နှင့်အတူ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ဘင်္ဂါလီ ၅ ဦးကို စစ်ဆေး တွေ့ရှိခဲ့သည်။
အလားတူ သြဂုတ် ၆ ရက် နံနက် ၆ နာရီ အချိန်ခန့်တွင် ဆက်လက်စုံစမ်းရာ ဂွေး တောက် ကျေးရွာအုပ်စု မြောက်စမ်းကျေးရွာနှင့်ချောင်းဂွ ကျေးရွာ အကြားမိုင်တိုင်အမှတ်(၉/၄နှင့်၅) လမ်းဘေးအနီး မသင်္ကာဖွယ်ရပ် ထားသည့်ယာဉ်ကို ကုန်းပြင်နယ်မြေစခန်းမှူးနှင့်အဖွဲ့က တွေ့ ရှိစစ်ဆေးခဲ့သည်။ ယာဉ်ပေါ်တွင် မည်သူမျှမတွေ့ရှိသဖြင့် ရှာဖွေခဲ့ရာ လမ်းဘေးအနီးရှိ တောအတွင်းမှ ဘင်္ဂါလီ ၆ ဦး ကိုတွေ့ရှိဖမ်းဆီးခဲ့သည်။
သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးခဲ့သည့် ဘင်္ဂါလီများသည် ရခိုင်ပြည်နယ် မင်းပြားနှင့် မြောက်ဦး မြို့နယ်မှဖြစ်ပြီး ၇နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင်ကျား၉ ဦး၊ မ ၂ဦး တို့ဖြစ်သည်။
 ၄င်းတို့ကို ရေကြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေဦးစီးဌာနထံ လွှဲပြောင်းအပ်နှံကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး