လက်လုပ်ကျင်းအတွင်း ရွှေတူးဖော်သူ ၂ ဦး မြေပြိုကျသေဆုံး

လက်လုပ်ကျင်းအတွင်း ရွှေတူးဖော်သူ ၂ ဦး မြေပြိုကျသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့ရှိ လက်လုပ်ကျင်းအတွင်း ရွှေတူးဖော်သူ ၂ ဦး မြေပြိုကျပြီး သေဆုံးခဲ့ကြောင်း ဇူလိုင် ၇  ရက်က ပင်လယ်ဘူးမြို့မရဲစခန်းမှ သိရသည်။ 

ပင်လယ်ဘူးမြို့နယ် မော်ခွင်ကျေးရွာနေ ကျော်ကျော် (ခ)ဝင်းလွင်ဦး(၂၄)နှစ်နှင့် လင်းနိုင်ဦး(၁၈)နှစ်တို့ ၂ ဦးမှာ ရွာအရှေ့ဘက်ရှိ တယောချောင်းတောင်ဘက် ကမ်းစပ်မြေပျော့နေရာတွင် ဩဂုတ် ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်တွင် လက်လုပ်ကျင်းတူးကာ ရွှေတူးဖော်ခဲ့ကြသည်။
ထိုသို့တူးဖော်စဉ် အနက် ၅ ပေခန့်အရောက် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးစလုံး သေဆုံးခဲ့ကာ ပင်လယ်ဘူးဆေးရုံသို့ပို့ဆောင်ခဲ့ရသည်။
ပင်လည်ဘူးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၂/၁၈) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။