ထောက်ကြန့်မြို့နယ်တွင် မသင်္ကာသူတစ်ဦး စစ်ဆေးခဲ့ရာက ဆိုင်ကယ်ခိုးမှု ၈ မှုပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သြဂုတ် ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်း ရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်နေ မျိုးမြင့်အောင် (ခ)အောင်ပိကို ခိုးမှုများကျူးလွန်ထားကြောင်းသတင်းအရ သြဂုတ်လ ၃ ရက်နေ့တွင် တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။
၄င်းကိုစစ်ဆေးချက်များအရ မင်္ဂလာဒုံမြို့နယ်နေ ကရင်(စုံစမ်းဆဲ)၊ ဝင်းအောင်(စုံစမ်းဆဲ)တို့နှင့်အတူ ဇူလိုင်လအတွင်းက မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ စိုက်ပျိုးရေးလမ်းရှိ မုန့်ဖတ်အ လုပ်ရုံခြံဝင်း အတွင်း ရပ်ထားသော ဆိုင်ကယ်(၁)စီးကို ခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် ထောက်ကြန့် နယ် မြေရဲစခန်း (ပ)၇၆၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့် အရေးယူခဲ့သည်။
အမှုမှ ပြစ်မှုကျူးလွန်သူ မျိုးမြင့်အောင်(ခ)အောင်ပိအား အခြားခိုးမှုများကျူးလွန်ထားခြင်း ရှိ မရှိ တိုက်ဆိုင် စစ်ဆေးခဲ့ရာ ၎င်းသည် ယခုနှစ် မတ်လ၊ ဧပြီလ၊ မေလနှင့် ဇွန်လများအတွင်းက အင်းစိန်မြို့နယ်၊ဖော့ကန်ဈေးအနီး လမ်းဘေးတွင်ရပ်ထားသော အင်းစိန်၊မင်္ဂလာဒုံနှင့်မှော်ဘီမြို့ နယ်များအတွင်းမှ ဆိုင်ကယ် ၇ စီးကို ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ၄င်းခိုးယူရောင်းချထားသည့် ဆိုင်ကယ်များကို ပြန်လည်သိမ်းဆည်းကာ အမှုများ အသီးသီးရေးဖွင့်ခဲ့ပြီးအမှုမှ တိမ်းရှောင်နေသူ ကရင်(စုံစမ်းဆဲ)နှင့် ဝင်းအောင်(စုံစမ်းဆဲ) တို့ ၂ ဦးကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

















