စစ်ရဲကွက်သစ်ပိုင်း သင်္ချိုင်းအနီး မိုးကြိုးပစ်သဖြင့် လူတစ်ဦးသေဆုံး

စစ်ရဲကွက်သစ်ပိုင်း သင်္ချိုင်းအနီး မိုးကြိုးပစ်သဖြင့် လူတစ်ဦးသေဆုံး

လှည်းကူးမြို့နယ် စစ်ရဲကွက်သစ်ပိုင်း သင်္ချိုင်းအနီး မိုးကြိုးပစ်သဖြင့် လူတစ်ဦးသေဆုံးခဲ့သည်ဆိုမှု ကို သက်ဆိုင်ရာက သေမှုသေခင်းဖွင့်လှစ်အရေးယူထားကြောင်း နယ်မြေရဲစခန်းမှ သိရသည်။

သြဂုတ် ၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ဒါးပိန်မြောက်ကျေးရွာအုပ်စု၊ စစ်ရဲကွက်သစ်ပိုင်း သင်္ချိုင်းကုန်းအနီးလူတစ်ဦးမိုးကြိုးပစ်သေဆုံးမှုဖြစ်ပွားကြောင်းသတင်းအရ ဒိန်းပိန် နယ် မြေရဲစခန်းမှ ခေတ္တစခန်းမှူးဒုရဲအုပ်သန်းလှိုင်ဦးနှင့် အဖွဲ့ကသွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် ဝါးရုံစွန်းကျေးရွာနေ ဦးခင်ကြိုင် (၄၈ နှစ်)မှာ သေဆုံးနေသည်ကိုတွေ့ရပြီး သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းချက်အရ သေဆုံးသူမှာ ၄င်းပိုင်နွားကို ဆွဲ၍ ရွာဘက်သို့လမ်းလျှောက် ပြန်လာစဉ် သင်္ချိုင်းကုန်းအနီးအရောက် မိုးကြိုးပစ်ချသဖြင့် နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပတ်ဝန်းကျင်အနီးနေထိုင်သူ ဦးခင်မောင်ချို ၏ ပြောကြားချက်အရသိရှိရသည်။

သေဆုံးသူတွင် ခန္ဒာကိုယ်ပွန်းပဲ့ညိုမဲဒဏ်ရာများတွေ့ရှိခဲ့ပြီး အလောင်းကို လှည်းကူးဆေးရုံသို့ပို့အပ်ရာ ပီအာရ် ၄၁ဖြင့်လက်ခံခဲ့သည်။ သေဆုံးမှုနှင့်ပတ်သက်၍ ဒါးပိန်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ် စဉ် (၅/၁၈)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။