သန်လျင်မြို့နယ်တွင်ကိုယ့်အင်္ဂါမပြည့်စုံသည့်မွေးကင်းစအလောင်းတွေ့ရှိ

သန်လျင်မြို့နယ်တွင်ကိုယ့်အင်္ဂါမပြည့်စုံသည့်မွေးကင်းစအလောင်းတွေ့ရှိ

သန်လျင်မြို့နယ်တွင်ကိုယ့်အင်္ဂါမပြည့်စုံသည့်မွေးကင်းစအလောင်းတွေ့ရှိခဲ့မှုနှင့်ပတ်သက်၍အလောင်း စွန့်ပစ်သူကို သက်ဆိုင်ရာက အမှုဖွင့်စုံစမ်းလျက်ရှိကြောင်းရှိကြောင်းသိရသည်။

သြဂုတ် ၈ ရက်နေ့ ည ၈ နာရီ ၂၀ အချိန်ခန့်တွင် သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက် ကန်သာယာ ၂ လမ်း ကျောက်တွင်းထိပ် သဲပုံအနီးတွင် မွေးကင်းစကလေးအလောင်းစွန့်ပစ်မှုဖြစ်ပွား ကြောင်း ရာအိမ်မှူး ဦးခင်စိန်က အကြောင်းကြားသဖြင့် ဒုရဲအုပ်အောင်မြတ်ထွန်းနှင့်အဖွဲ့က သွား ရောက် စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် မွေးကင်းစ မိန်းကလေးငယ်အလောင်းကိုတွေ့ရှိခဲ့ပြီး ဦးခေါင်းနှင့်လက်များမပါသည့် ခန္ဒာကိုယ်တစ်ပိုင်းသာတွေ့ရှိခဲ့သဖြင့် ဆေးရုံသို့ပို့အပ်ခဲ့ကာ အလောင်းစွန့်ပစ်သူကို အရေးယူပေး ရန်တိုင်ကြားခဲ့သည်။ သန်လျင်မြို့မရဲစခန်းက (ပ)၂၁၉၇/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၈ အရ အမှုဖွင့်အရေးယူထားသည်။