ကျပ် ၁၄ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်အတူ ရောင်းချသူအမျိုးသမီးကို ဖမ်းမိ

ကျပ် ၁၄ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်အတူ ရောင်းချသူအမျိုးသမီးကို ဖမ်းမိ

မရမ်းကုန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ကျပ် ၁၄ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့က ထုတ်ပြန် ထား သည်။

သြဂုတ် ၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သမိုင်းဘူ တာရုံလမ်းတွင် မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ မသင်္ကာသူ မရမ်းကုန်းမြို့နယ်နေ မမြသန္တာကျော် (ခ)မမြသန္တာ (၄၀ နှစ်) ကိုတွေ့ရှိသဖြင့် ရှာဖွေခဲ့သည်။

၎င်း၏လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ ပြား သိမ်းဆည်း ရမိခဲ့ပြီး မမြသန္တာကျော် (ခ)မမြသန္တာ နေထိုင်သည့် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ မုဒိတာ အိမ် ရာ(၁)ရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ အိပ်ခန်း အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၈၀ဝ ပြား၊ အိုက်စ် တစ်ကီလို၊ ဘိန်းဖြူ ၁၁ ဂရမ်၊ ဘိန်းစိမ်း ၅ ဂရမ်နှင့် ဆေးခြောက် ၂ ဒသမ ၇ ကီလို စုစုပေါင်းကျပ် ၁၄၀၄၉၀ဝ ဖိုးခန့် သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဘုရင့်နောင်နယ်မြေရဲစခန်းက မယ(ပ)၁၀/၁၈ မူး/စိတ်ဥပဒေပုဒ်မ ၁၉ (က) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။