အငှားယာဉ်မောင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဓါးဖြင့်ထောက်ခြိမ်း ခြောက်လုယက်မှုကို သက်ဆိုင် ရာကဖော်ထုတ်

အငှားယာဉ်မောင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဓါးဖြင့်ထောက်ခြိမ်း ခြောက်လုယက်မှုကို သက်ဆိုင် ရာကဖော်ထုတ်

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အငှားယာဉ်မောင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဓါးဖြင့်ထောက်ခြိမ်း ခြောက်လုယက်မှုကျူးလွန်ခဲ့သည်ဆိုမှုကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကဖော်ထုတ် ဖမ်း ဆီးခဲ့ကြောင်း သြဂုတ် ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ နှင့်အတူ ညီမ၏နေအိမ်တွင်ညအိပ်ရန်အတွက်ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊(၅၈)ရပ်ကွက်၊ ဆရာဆောင်လမ်းပေါ်အရောက် အသင့်တွေ့ရှိသည့်ပရိုဘောက်စ် အငှားယာဉ်ကို ငှားရမ်းစီးနင်းခဲ့သည်။

ထိုသို့စီးနင်းလိုက်ပါလာစဉ် တိုင်ကြားသူအမျိုးသမီးက ယာဉ်၏ရှေ့ခန်းတွင် လိုက်ပါခဲ့ပြီး ခင်ပွန်းက ယာဉ်၏နောက်ခန်းတွင် လိုက်ပါစီနင်းလာခဲ့သည်။ဦးအမ်တင်လမ်းမှောင်ရိပ်ကျသော နေရာအရောက် ယာဉ်မောင်းအမျိုးသားက တိုင်ကြားသူကို ချွန်ထက်သောအရာဖြစ် ဝမ်းဗိုက်အားထောက်၍ “မင်းမိန်း မဘာ မှ မဖြစ်စေချင်ရင် ယာဉ်ပေါ်မှဆင်း ”ဟု ပြောဆိုသည့်အတွက် ခင်ပွန်းက ယာဉ်ပေါ် မှ ဆင်း သွားခဲ့သည်။

ထို့နောက် အမျိုးသမီးကို “နင့်ဆီမှာ ဘာပါလဲ ပါတာအကုန်ထုတ်ပေး ”ဟု ပြောဆိုပြီး ၎င်း ထံပါရှိသည့် ငွေကျပ် ၇၀ဝ၀ဝ ကို ယူဆောင်မောင်းနှင်ထွက်ပြေးခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း (ပ)၅၈၃/၁၈ ၊ရာဇ သတ်ကြီးပုဒ်မ ၃၉၂ အရ အမှုဖွင့် စုံစမ်းခဲ့သည်။

တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ပြီး အမှုဖြင့်မသင်္ကာသူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် နေ သန်းဇော်ဦး(ခ) စိုးမိုး ကျော်ဖြစ်ကြောင်းသိရှိရသဖြင့် သြဂုတ် ၂ ရက်နေ့ ည ၁၁ နာရီအချိန် တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ကုလားဝဲတံတားတွင် အမှုဖြင့်မသင်္ကာသူ သန်းဇော်ဦး (ခ)စိုးမိုးကျော်၊ (၂၈)နှစ်ကို တွေ့ရှိဖမ်း ဆီးစစ် ဆေးခဲ့သည်။

၄င်းကိုစုံစမ်းချက်များအရ သက်ဆိုင်ရာကစုံစမ်းနေသည့် အဆိုပါလုယက်မှုကို ကျူးလွန်ခဲ့ကြောင်း သိရ သဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။