အမ်း- မင်းဘူး ကားလမ်းပေါ်တွင် ဆီးဘောက်ဆာယာဉ် တိမ်းမှောက်

အမ်း- မင်းဘူး ကားလမ်းပေါ်တွင် ဆီးဘောက်ဆာယာဉ် တိမ်းမှောက်

အမ်းမြို့နယ်  အမ်း- မင်းဘူး ကားလမ်းပေါ်တွင် ဆီးဘောက်ဆာယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမ်းမြို့မရဲစခန်းမှသိရသည်။

ဩဂုတ် ၁၀ ရက် နံနက် ၈ နာရီ ခွဲ အချိန်ခန့်တွင် ချောက်မြို့ စစ်ကွင်းရပ်ကွက်နေ ယာဉ်မောင်းအပါဝင်(၃)ဦး လိုက်ပါလာသည့် ဒီဇယ်ဆီ ၃၂၀ဝ ဂါလန်ခန့် တင်ဆောင်လာသော နစ်ဆန်း ၈ ဘီးဆီတင်ယာဉ်သည် အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာအနီးအမ်း-မင်းဘူးကားလမ်း မိုင်တိုင်အမှတ်(၈၅/၁) တွင်  တောင် အဆင်းအကွေ့၌ ဘရိတ်ပေါက်တိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်းအပါဝင်(၃)ဦးတွင် ပွန်းပဲ့ဖူး ရောင်ဒဏ်ရာများရရှိခဲ့သည်။

အမ်းမြို့မရဲစခန်းယာဉ်(ပ)၂၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ အရ အမှုဖွင့်  အရေးယူထားသည်။