မူးယစ်မှုတရားခံပြေးကို သေနတ် ၂ လက်၊ လက်ပစ်ဗုံးနှင့်အတူဖမ်းမိ

မူးယစ်မှုတရားခံပြေးကို သေနတ် ၂ လက်၊ လက်ပစ်ဗုံးနှင့်အတူဖမ်းမိ

တောင်ငူမြို့နယ်တွင် မူးယစ်တရားခံပြေးတစ်ဦးထံမှ သေနတ် ၂ လက်၊ လက်ပစ်ဗုံးအပါအဝင် စိတ်ကြွဆေးပြားများကို သက်ဆိုင်ရာက ဖမ်းဆီးရရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သြဂုတ် ၁၂ ရက်တွင် သိရသည်။ 

ဩဂုတ် ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် တောင်ငူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် မူးယစ်တရားခံ ပြေးတစ်ဦးရောက်နေကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။ သတင်းရရှိထားသူမှာ ဖားသူ(ခ)ဒီငြိမ်း ၂၇ နှစ်ဖြစ်ပြီး တောင်ငူမြို့ ကံရိုးရွာအနီး ဈေးဆိုင်တစ်ဆိုင်တွင် wave money ဖြင့် ငွေလွှဲနေစဉ် တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ထိန်ဝင်းနှင့်အဖွဲ့က လုံးထွေးဖမ်းဆီးခဲ့ရသည်။ 
ဖမ်းဆီးရမိသူမှာ တောင်ငူ အမှတ် ၃ နယ်မြေရဲစခန်း မယ(ပ)၃/၁၆ အမှုမှ တရားခံပြေး တစ်ဦးဖြစ်ပြီး ၄င်းမောင်းနှင်လာသည့် လိုင်စင်မဲ့မော်တော်ယာဉ်အတွင်းမှ ပွိုင့် ၃၈ ပစ္စတိုသေနတ် ၁ လက်၊ 38 SUPER Auto ကျည် ၇တောင့်၊ ကိုးမမ ကျည် ၅တောင့်၊ ပွိုင့်၂၂ ကျည် ၆ တောင့်၊ ၃၆ ခွင်းဗုံး(ဖျူစ်တပ်လျက်) ၁ လုံး၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၄၂၇ ပြား၊ အစိမ်းရောင် ၅၄ ပြား၊ စုစုပေါင်း ၅၄၈၁ ပြား (548.1)ဂရမ်ခန့် တန်ဖိုး ၂၇၄၀၅ဝဝဝ ငွေစက္ကူရောရာ ၂၂၈၅၀ဝ၀ကျပ် တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သောကြောင့် အမှုဖွင့်အရေးယူခဲ့ပြီး ကွင်းဆက်တရားခံများကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။