ခရီးသည်တင်ယာဉ် တံတားကိုတိုက်မိ တိမ်းမှောက်ပြီး ၆ ဦးဒဏ်ရာရ

ခရီးသည်တင်ယာဉ် တံတားကိုတိုက်မိ တိမ်းမှောက်ပြီး ၆ ဦးဒဏ်ရာရ

မြင်းမူမြို့နယ်တွင် ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တံတားကိုတိုက်မိတိမ်းမှောက်ခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြင်းမူမြို့မရဲစခန်းမှ သိရသည်။

မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်းတွင် ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၄၀ အချိန်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ စုံစမ်းချက်အရ ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီးကျေးရွာနေ ကျော်လွှမ်းမိုး(၃၈)နှစ်မောင်းနှင်လာသည့် HAISE အမျိုးအစားခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲတံတားအမှတ်(၂/၅၅)ကို ဝင်ရောက် တိုက်မိ တိမ်းမှောက်ခဲ့သည်။ 
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကျော်လွှမ်းမိုးအပါအဝင် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ချောင်းဦးမြို့နေမဆွေမာ(၄၅)နှစ်ပါ(၆)ဦးတို့ ဒဏ်ရာများရရှိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ မြင်းမူမြို့မရဲစခန်းကယာဉ်(ပ)၄၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ အရ အမှုဖွင့်အရေးယူထားသည်။